Saturday 2 July 2011

လမ်းမှန်ကျင့်စဉ်ဓမ္မစာဥယျာဉ်

“ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မစာအုပ်များ”

၁။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ
၂။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်
၃။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ စက်ဝိုင်းဒေသနာ

***************************************************************

“ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ဓမ္မစာအုပ်များ”

၁။ အနာဂါတ်သာသနာရေး
၂။ ကိုယ်ကျင့်အဘိဓမ္မာ
၃။ ရတနာ့ဂုဏ်ရည်
၎။ အရှင်ဇနကာဘိသံသ အဆိုအမိန့်များ
၅။ သိပ္ပံမမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမြင်များ
၆။ အခြေပြုပဋ္ဌာန်းတရားတော်
၇။ ဓမ္မစကြာတရားတော်

***************************************************************
“ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး၏ ဓမ္မစာအုပ်များ”

၁။ ၀ိပဿနာမြင်ကွင်း
၂။ ဗုဒ္ဓညွှန်ကြား မသေဆေးတရား
၃။ ဗုဒ္ဓဘာသာမြင်ကွင်း
၎။ ရင့်ကျက်စိတ်ထားဉာဏ်စွမ်းအားဖြင့်
၅။ ဓမ္မဒဿန သြ၀ါဒများ
၆။ နေရေးဆင်ခြင် သေရေးပြင်
၇။ မိဘကျေးဇူးဆပ်ဖူးပြီလား။
၈။ လူ၏ စွမ်းအားမြတ်တရား
၉။ အေးမြရွှင်ပြုံး လူ့နှလုံး
၁၀။ ဓမ္မဒဿနသြ၀ါဒများအား ပြန်ပြောင်းအမှတ်ရခြင်း
၁၁။ ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်း
၁၂။ ဓမ္မအတွေးအမေးအဖြေများ

***************************************************************
“ကျေးဇူးတော်ရှင်(ယော)ဆရာတော်ဘုရားကြီး အရှင်သီရိန္ဒာဘိဝံသ၏ ဓမ္မစာအုပ်များ”

၁။ မေတ္တာပန်းခိုင် သုံးပွင်ဆိုင်
၂။ သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်
၃။ စိတ်ဓါတ်ကိုမြှင့် လုပ်ပိုင်ခွင့်
၎။ အနှစ်ထုတ်ယူ စွမ်းတဲ့လူ

***************************************************************
“ကျေးဇူးတော်ရှင်ဆရာတော်ဒေါက်တာအရှင်သုမင်္ဂလာလင်္ကာရ၏ ဓမ္မစာအုပ်”

၁။ မြေမြတ်မဟာ တရားမြတ်ဒေသနာ

***************************************************************
“ကျေးဇူးတော်ရှင်ဖားအောက်တောရဆရာတော်ဘုရားကြီး၏ ဓမ္မစာအုပ်များ”

၁။ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်-ပထမတွဲ
၂။ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်-ဒုတိယတွဲ
၃။ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်-တတိယတွဲ
၎။ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်-စတုတ္ထတွဲ
၅။ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်-ပဉ္စမတွဲ

***************************************************************
“ကျေးဇူးတော်ရှင်ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ဓမ္မစာအုပ်များ”

၁။ ပြေပြေလည်လည်ရှိစေချင်တယ်
၂။ ၀ိပဿနာတရားသင်တန်းအမေးအဖြေများ
၃။ မရှိမဖြစ်တဲ့ စင်ကြယ်ခြင်း
၎။ ၀ိပဿနာ အလုပ်အနှစ်ချုပ်

***************************************************************
“ကျေးဇူးတော်ရှင်ဆရာတော်အရှင်ဆန္ဒာဓိက၏ ဓမ္မစာအုပ်များ”

၁။ စိတ်အားဖြည့်ဓမ္မနှင်းပွင့်
၂။ စိတ်အားဖြည့်ဓမ္မရွက်နု
၃။ စိတ်အားဖြည့်ဓမ္မမိုးစက်

“ရွှေပါရမီ လက်ကမ်းစာစဉ်များ”

၁။ အနှိုင်းမဲ့အဖော်
၂။ အနှိုင်းမဲ့ဘာဝနာ
၃။ အနှိုင်းမဲ့လာဘ်
၎။ နှလုံးသားမိတ္တူ
၅။ လူပျိုဘုရားလုံးဝမရှိ
၆။ တစ်ရာနှင့်တစ်ရက်
၇။ မြင့်မြတ်သောဥပေက္ခာ
၈။ အနှိုင်းမဲ့ရဟန်း
၉။ ရည်စူးကုသိုလ်
၁၀။ အနှိုင်းမဲ့အလှူ
၁၁။ မော်ဒယ်လ်အသစ်နဲ့လူ
၁၂။ စိတ်လျှော်ဖွတ်တဲ့အလုပ်
၁၃။ သက်သတ်လွတ်နှင့်ကုသိုလ်စိတ်
၁၄။ မိဘကျေးဇူးအကျေဆပ်နည်း
၁၅။ တကယ်မသေခင် အစမ်းသေကြည့်ကြရအောင်
၁၆။ ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကို လှူရာရောက်သည်
၁၇။ အားထုတ်ဖြစ်ဖို့အဓိက
၁၈။ အနှိုင်းမဲ့မီး
၁၉။ နွားကလေးနက်ချော
၂၀။ အနှိုးမဲ့ကုသိုလ်
၂၁။ အနှိုင်းမဲ့ဥစ္စာ

***************************************************************
“ဆရာတော်အရှင်ပညိသရ၏ ဓမ္မစာအုပ်များ”

၁။ အပါယ်တံခါးပိတ်ထားကြစို့
၂။ တရားမရခြင်းကြောင်းရင်း

***************************************************************
“ဆရာတော်အရှင်ကေလာသ၏ ဓမ္မစာအုပ်များ”

၁။ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ
၂။ ဗုဒ္ဓဓမ္မ အနှစ်ချုပ်

***************************************************************
“ဆရာတော်အရှင်ဓမ္မပိယ(Ph.D)၏ ဓမ္မစာအုပ်များ”

၁။ နိဗ္ဗာန်အယူအဆကို ထေရ၀ါဒရှုထောင့်မှ လေ့လာသုံးသပ်ခြင်း
၂။ သြကာသဋီကာကျမ်း

***************************************************************
“၀ိနယဓရ-၀ိနယကောဝိဒ ဆရာတော်အရှင်ကောဝိဒ၏ ဓမ္မစာအုပ်များ”

၁။ အနာနဲ့ဆေး တဲ့အောင်ပေးတရားတော်
၂။ ခဲယဉ်းလေးဖြာဒေသနာတရား

***************************************************************
“အလိုတော်ပြည့်ဆရာတော်၏ ဓမ္မစာအုပ်”

၁။ ဘ၀သစ္စာအဖြေရှာ

***************************************************************
“အခြားဘာသာရေး စာအုပ်များ”

၁။ မဟာမင်္ဂလသုတ်ပါဌ်
၂။ သံဂါယနာ သမိုင်းစုံ
၃။ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်မြောက်ရေး
၎။ မြန်မာဗုဒ္ဓဘာသာဥပဒေ
၅။ ဧတေန
၆။ စိန္တာမဏိ
၇။ ဇမ္ဗုပတိမင်းချွတ်ခန်းဝတ္တု
၈။ Buddha way of immortal medicine

***************************************************************
“စေတီတော်သမိုင်းများ”

၁။ ဗိုလ်တထောင်စေတီတော်သမိုင်း
၂။ ပြဒါးသိန္ဓိအောင်လာဘမုနိတော်မြတ်သမိုင်း
၃။ စိန်ရောင်ခြည်စေတီတော်နှင့် ဘုရားသမိုင်း
၎။ ကျိုက်ထီးရိုးဆံတောင်ရှင်သမိုင်းနှင့် ကျိုက်ပေါလောဘုရားသမိုင်း
၅။ စစ်ကိုင်းတောင်သမိုင်း
၆။ ပေါင်းတည်သမိုင်းနှင့် မြတ်စွယ်တော်အတ္တုပ္ပတ္တိ
၇။ ကျိုက်ကမာစိန်စေတီတော်သမိုင်း
၈။ ကျိုက်မှော်ဝန်းရေလယ်စေတီတော်သမိုင်း
၉။ ကျိုက္ခမီရေလယ်ဘုရာကြီးသမိုင်း
၁၀။ ကောင်းမှုတော်ဘုရားသမိုင်း

တရားတော်များ

၁။ စွန်းလွန်းဆရာတော်ဘုရားကြီးဟောကြားသော တရားတော်များ
၂။ မင်းကွန်းဆရာတော်ဘုရားကြီးဟောကြားသော တရားတော်များ
၃။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးဟောကြားသော တရားတော်များ
၎။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟောကြားသော တရားတော်များ
၅။ ပဲခူးအောင်သုခဆရာတော်ကြီးဟောကြားသော တရားတော်များ
၆။ ဖားအောက်တောရဆရာတော်ဘုရားကြီးဟောကြားသော တရားတော်များ
၇။ သစ္စဝေဒဂူဆရာတော်ဟောကြားသော တရားတော်များ

ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင်


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့်ဝိနည်းတော်(စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။ ထို့ကြောင့် ဤဓမ္မဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။


ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန်အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ်တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေတို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်းအထိ ပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့်တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။

စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။ ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)

“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။ ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသောပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီ ဖြည့်ကျင့်ခဲ့ သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။

ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံ တို့မှာ-

(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော
တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော-
(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊
ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊
ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊
သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊
အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)
သန္တိနုခေါ- ရှိကုန်သလော။
(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)
(နတ္ထိ ဘန္တေ- မရှိပါဘုရား)

(၂) မနုဿာ အတ္ထ
မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)

(၃) ပုရိသာ အတ္ထ
ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)


(၄) ဘုဇိသာ အတ္ထ
ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)
(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)

(၅) အဏဏ အတ္ထ
အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)
(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)

(၆) နတ္ထ ရာဇာဘဋာ
ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။
(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)
(အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။)
မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်းများဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။

(၇) အနုညာတာ အတ္ထ မာတာပိတူဟိ
နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)
(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)

(၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ
ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)
(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)

(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ
တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။
(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)

(၁၀) ကိံနာမာ အတ္ထ
ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-
[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)
ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-
[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)


ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံအတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့်အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။

ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများ ကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျ န သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါး ရှိ ထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင်ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေ ရပါမည်။

ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆို တော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသောပါဠိအဓိပ္ပါယ်တို့ကို နား မလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိက ပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆိုကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများ ပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ်လျှင် သုံးခေါက်ရွတ်ဆိုကြ၏။

သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေးနေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” စသည့် ရှင်လေးပါးမှ ဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေကောင်း ဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြ သည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။

ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင် ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရသော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရမည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရသည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။

ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါးများရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ်ထားသင့်၏။

သင်္ကန်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။
(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။”)

ကျောင်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။
(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

ဆွမ်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။
(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ဆေးပစ္စည်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။
(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။

အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ
ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါးတို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့မရသော ကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ ပါရာဇိကလေးပါးတို့မှာ-
(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)
(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)
(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ (ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)
(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။

အခြား သတိထားရမည် အာပတ်များမှာ လိမ်ညာပြောခြင်း၊ အချင်းချင်း ကွဲပြားရန်၊ ချစ်ခင်မှု ပျက်ပြားရန်ပြောဆိုမိခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်တို့၌ မာတုဂါမ (အမျိုးသမီး) ရှိနေလျက်အိပ်ခြင်း (မှတ်ချက်။ ဒုလ္လဘ၀တ်ပြီး အိမ်ပြန်အိပ်တတ်ကြရာ မိမိ၏ အမိ၊ အစ်မ၊ ညီမကအစ မာတုဂါမရှိတဲ့ အိမ်၊ ကျောင်းတို့၌ မအိပ်ကောင်း)၊ မြေကြီးကိုတူးဆွ ခြင်း၊ မြက်ခုတ်၊ ပေါင်းရှင်း၊ မြေတူး၊ မြေဖို့ပြုလုပ်ခြင်း၊ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ပြစ်မှုကျူး လွန်သောကြောင့် စစ်ဆေးမေးမြန်သည့်အခါ အလွဲအချော် မတော်တာပြောခြင်း၊ မဖြေဘဲနေ ခြင်း၊ သံဃိက (အများပိုင်) ပစ္စည်းများကို မသိမ်းဆည်းခြင်း၊ မပန်ကြားဘဲ တခြားနေရာသို့ သွားခြင်း၊ ပိုးရှိသောရေကိုသောက်သုံးမိခြင်း၊ နေ့လွဲညစာစားခြင်း၊ အကပ်မခံဘဲ သုံးဆောင် ခြင်း၊ အချင်းချင်း ကလိထိုးကစားခြင်း၊ မာတုဂါမနှင့် တိုင်ပင်ပြီး တစ်ခရီးတည်း အတူသွားခြင်း၊ ဆရာသမား၊ ကျောင်းရှိ ထင်ရှားသည့်ရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း တို့မှာ ရွာထဲ၊ မြို့ထဲသွားခြင်း စသည်တို့ကို ကျူးလွန်မိလျှင် ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် သတိထားဆင်ခြင်သင့်လှပေသည်။

ရဟန်းတော်တို့၏ အာပတ်သင့်ခြင်းအကြောင်းခြောက်ပါးဖြစ်သည့် (၁) အလဇ္ဇိတာ- အရှက် မရှိခြင်း၊ (၂) အညာဏတာ- သိက္ခာပုဒ်ကိုမသိခြင်း၊ (၃) ကုက္ကုစ္စပကတတာ- ယုံမှားသံသယ ရှိခြင်း၊ (၄) အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ဟုအမှတ်ရှိခြင်း၊ (၅) ကပ္ပိ ယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟု အမှတ်ရှိခြင်း၊ (၆) သတိသမ္မောသတာ- သတိတွေဝေခြင်း စသည်တို့ကြောင့် တစ်နည်းနည်းဖြင့် အာပတ်များ ကျူးလွန်မိတတ်ကြပေ သည်။ ယခုခေတ်ဆိုလျှင် ရဟန်းတော်များ ခရီးသွားရာ၌ ခရီးစရိတ်အဖြစ် ငွေသားများကို ကိုင်ကြရပေသည်။ ရဟန်းတော်များအနေဖြင့် တချို့အာပတ်များကို အာပတ်သင့်မှန်းသိထား သော်လည်း မဖြစ်သာသောအခြေအနေများကြောင့် ကျူးလွန်ချင်သောစိတ်မရှိဘဲ ကျူးလွန် နေမိခြင်းဖြစ်ကြ၏။ ထိုသို့ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သောသီလတော်မြတ်များ ကို သတိထားကာ စောင့်ရှောက်ကြပါသော်လည်း ဖော်ပြပါအကြောင်းခြောက်ပါးထဲမှ တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ကြသောကြောင့် ပါရာဇိကအာပတ်လေးပါးမှတစ်ပါး အခြား အာပတ်များကို ဖြေရန်နည်းလမ်းများဖြင့် အာပတ်ဖြေကြရသည်၊ ဒေသနာကြားကြရပေသည်။

ဒုလ္လဘရဟန်းဝတ်ကြသော အမျိုသားကောင်းတို့အနေဖြင့်လည်း မြတ်သောကုသိုလ်ကောင်းမှု တို့ကို ဖြည့်ဆည်းကြရာတွင် အနည်းငယ်သောပြစ်မှုများကို တစ်ရက်တစ်ရက် ကျူးလွန် မိတတ်ကြရာ သိမ်အတွင်း သံဃာတော်များ ဘုရားဝတ်တက်ချိန်တို့၌ ဒေသနာကြား (အာပတ် ဖြေ)တတ်ရမည်။ ထို့ကြောင့် ဒေသနာကြားပုံကို အရကျက်မှတ်ရန်လိုအပ်ပါသည်။

သီတင်းငယ်က သီတင်းကြီးထံ ပြောကြားပုံ
ငယ်။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(အရှင်ဘုရား၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါသည်ဘုရား)
ကြီး။ သာဓု အာဟုသော သာဓု သာဓု။
(ကောင်းပေစွငါ့ရှင်၊ ကောင်းပါပေစွ)
ငယ်။ အဟံ ဘန္တေ သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(အရှင်ဘုရား၊ အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို အရှင်ဘုရားထံ၌ ပြောကြားပါသည်ဘုရား)
ကြီး။ ပဿသိ အာဝုသော တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှု၏လော ငါ့ရှင်)
ငယ်။ အာမ ဘန္တေ ပဿာမိ။
(မှန်ပါ၊ ရှုပါသည်ဘုရား)
ကြီး။ အာယတိံ အာဝုသော သံဝရေယျာသိ။
(နောင်အခါ [အာပါမသင့်အောင်] စောင့်စည်းပါငါ့ရှင်)
ငယ်။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
(ကောင်းပါပြီအရှင်ဘုရား၊ နောင်အခါ ကောင်းစွာစောင့်စည်းပါမည် အရှင်ဘုရား)
ကြီး။ သာဓု အာဝုသော သာဓု သာဓု။
(ကောင်းပေစွ ငါ့ရှင်၊ ကောင်းပါပေစွ)

သီတင်းကြီးက သီတင်းငယ်ထံ ပြောကြားပုံ
ကြီး။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(ငါ့ရှင်၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါ၏)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)
ကြီး။ အဟံ အာဝုသော သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(ငါ့ရှင်၊ ငါသည် အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို ငါ့ရှင်ထံ၌ ပြောကြားပါသည်)
ငယ်။ ပဿထ ဘန္တေ တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှုပါ၏လော အရှင်ဘုရား)
ကြီး။ အာမ အာဝုသော ပဿာမိ။
(ရှုပါသည် ငါ့ရှင်)
ငယ်။ အာယတိံ ဘန္တေ သံဝရေယျာထ။
(နောင်အခါ [အာပတ်မသင့်အောင်] စောင့်စည်းပါ အရှင်ဘုရား)
ကြီး။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
(ကောင်းပါပြီငါ့ရှင်၊ နောင်ခါမှာ ကောင်းစွာစောင့်စည်းပါမည်)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)

ပါဠိလို အရကျက်ထားသင့်ပါသည်။ မြန်မာလို ဒေသနာကြားကလည်း ရပါသည်။ သို့သော် ကျောင်းရှိသံဃာတော်များအနေဖြင့် ပါဠိလိုသာ ဒေသနာကြားလေ့ရှိကြသဖြင့် အနက်သိထား ပြီး ပါဠိလိုဒေသနာကြားနိုင်ရန် ဒုလ္လဘရဟန်းမ၀တ်ခင် အရကျက်ထားသင့်၏။ အာပတ်ဖြေ
ကြားပြီးမှ တရားအားထုတ်လျှင် ပို၍ သင့်တော်ကောင်းမွန်သည်။ အာပတ်သင့်ထားသော ရဟန်းတော်တစ်ပါးအနေဖြင့် သင့်ထားပြီးသောအာပတ်ရှိလျက်နှင့် တရားအားထုတ်က မည်မျှ ပင် ကြိုးစားအားထုတ်ပါသော် တရားမရနိုင်ပေ။ ထို့ကြောင့် တရားအားထုတ်ခါနီးတိုင်း သံသယကင်းစင်ပြီး စိတ်ကြည်လင်ကာ သမာဓိတရား လျင်စွာဖြစ်နိုင်ရန်အတွက် အာပတ်ဖြေ ကြားပြီးမှ တရားအားထုတ်ပါလေ။

ဒုလ္လဘ၀တ်စဉ်အချိန်ကာလ ရက်ပိုင်းလေးမှာ ရဟန်းတော်စိတ်ဖြင့် အမြဲနေသင့်၏။ ရပ် အကြောင်း၊ ရွာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းများ မပြောမိစေရန် အထူးပင် သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ဘ၀ဖြင့်နေစဉ်က အချင်းချင်းတွေ့ လိုက်သည်နှင့် စကားစမြီများ လက်စုံကျကာ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာ ရာ ပြောတတ်ကြသည့်အကျင့်ဆိုးများ ပါလာတတ်ကြရာ အချင်းချင်းတွေ့လိုက်သည်နှင့် ရဟန်းစိတ်ပျောက် လူစိတ်ရောက်ကာ ပြောမိတတ်ကြ၏။ လူ့ဘ၀တုန်းက စကားပြောရင်း ပုဆိုးကို ပေါင်အထိ မြှောက်တတ်သည့်အကျင့်များလည်းရှိခဲ့ကြရာ သင်္ကန်းကိုလည်း ပုဆိုးအမှတ်ဖြင့် ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အထူးပင်ဆင်ခြင်သင့်လှ၏။ သင်္ကန်းကို အဟရတ္တဓဇ- အဟတ္တဖိုလ်၏အောင်လံဟု ခေါ်ဆိုသောကြောင့် အထူးပင် အလေးအနက် ထားသင့်ပေသည်။ နေကထိုင်မပါဘဲ ကြမ်းပြင်မှာထိုင်ခြင်းမျိုးလည်း မပြုလုပ်ရပေ။

လူ့ဝတ်တုန်းက ညထမင်းကို ဖွယ်ဖွယ်ရာရာချက်၍ အဓိကထား စားကြသည်ဖြစ်ရာ ဒုလ္လဘ ၀တ်စဉ်၌ ညအချိန်ဗိုက်ဆာသဖြင့် ချဉ်းသုတ်လေးစားချင်၊ ပေါင်မုန့်လေးဝါးချင်၊ ကော်ဖီလေး သောက်ချင်ဖြစ်လာကာ မနေနိုင်မထိုင်နိုင်ဖြစ်လာတတ်ကြ၏။ စာရေးသူ ဆရာတော်ဦးဇ၀န ၏ မှော်ဘီမြို့နယ်ရှိ သုဒ္ဓ၀ိပဿနာကျောင်းတွင် ဒုလ္လဘ၀တ်ခဲ့စဉ်က တွေ့ခဲ့ရသည့် ဒုလ္လဘ ရဟန်းတစ်ပါးကြီးဆိုလျှင် “ဗိုက်ဆာလို့လည်း ဘေးနားမှာ ၀ယ်စားစရာ ဆိုင်မရှိ၊ လူသူနဲ့လည်း ဝေးလှလိုက်တာ၊ တခြားကျောင်းပြောင်းချင်တယ်”ဟူ၍ အတူလာခဲ့ကြသော မိတ်ဆွေ ဒုလ္လဘ များထံ လာရောက်ညည်းညူရှာလေ၏။ မိတ်ဆွေရဟန်းများက ဖျောင်းဖျောင်းဖျဖျ ပြောဆို ပေးပြီး နှစ်သိမ့်ရရှာလေသည်။

ကျောင်းသို့ တရားစာအုပ်များယူဆောင်လာသင့်၏။ စိတ်များတည်ငြိမ်မှုဖြစ်စေရန် တရား စာအုပ်များကို ဖတ်နေသင့်သည်။ မိမိမေးလိုသော တရားနဲ့ပတ်သက်သည့် မေးခွန်းများကို လည်း ကျောင်းရှိသံဃာတော်များထံ မေးလျှောက်သင့်၏။ မိမိအား ဆုံးမစကားများ ဟောကြား ပါကလည်း အလေးအနက်ထား နာကြားရမည်။ ရဟန်းတော်တို့စည်းကမ်း၌ အသက်ကြီးခြင်း၊ ခေတ်ပညာတတ်မြောက်ခြင်းတို့နှင့် အထက်အောက် သတ်မှတ်သည်မဟုတ်ပေ။ သိက္ခာတော် အကြီးအငယ်အလိုက် နေရာထိုင်ခင်း ထိုင်တာကအစ ၀ါစဉ်အလိုက်ထိုင်ကြရ၏။ အချင်းချင်း စကားပြောရာတွင်လည်း “တင့်ပါ့ဘုရား၊ အရှင်ဘုရား”စသည်ဖြင့် ပြုမှုနေထိုင်ကြပြီး အရိယာ သင်္ကန်းဆင်မြန်းထားကြသူများပီပီ ယဉ်ကျေးသိမ်မွေ့လှ၏။ တစ်ဦးနှင့်တစ်ဦး အလေးအနက် ထားကြ၏။ ဘုရားသားတော်များ ပီသကြသူများဖြစ်ကြ၏။

ရဟန်းတော်၏သိက္ခာတော်များကို ချရန်အတွက်လည်း သိထားရမည့်အချက်များရှိပါသည်။ ပထမရဟန်းဘ၀မှ ကိုရင်ဘ၀သို့တစ်ဆင့်၊ ပြီးမှ လူ့ဘောင်သို့ ချရ၏။ သိက္ခာတော်များ ချပေး စဉ်တွင် အသိသက်သေ သံဃာတော်တစ်ပါးနှင့် သိက္ခာတော်များချပေးသည့် သံဃာတော် တစ်ပါး အနည်းဆုံး နှစ်ပါးရှိရပါမည်။ သိက္ခာချပြီးမှ လူ့ဝတ်လဲရမည်ဖြစ်ပါသည်။ လွန်စွာ အရေးကြီးသောအချက်ဖြစ်၏။ မိမိအနေဖြင့် အလောတကြီး အိမ်ပြန်ချင်လွန်းသောကြောင့် “လူဝတ်လဲတာ ဘာကြာတာမှတ်လို့” ဆိုပြီး ကိုယ့်ဘာသာ သင်္ကန်းချွတ်၊ အ၀တ်လဲ အိမ်ပြန် ပါက ရဟန်းသိက္ခာတော်များက ကျမသွားခြင်းကြောင့် လူ့ဘောင်တွင်နေစဉ် လူအ၀တ်အစား များဖြင့် ပါရာဇိကအာပတ်များသင့်ကာ လက်ရှိဘ၀၌ မဂ်ဖိုလ်လည်းဆုံးရှုံး၊ နောင်သံသရာတွင် လည်း ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ရဟန်း သိက္ခာတော်များကို စနစ်တကျချပြီးမှ လူ့ဝတ်လဲ၊ ငါးပါးသီလခံယူဆောက်တည်ကာ ရဟန်း ၀တ်ခဲ့စဉ်က အသိတရားများကို အစဉ်အမြဲသိရှိနားလည်ကာ နိဗ္ဗာန်မရောက်မချင်း နိဗ္ဗာန်သို့သွား အားလုံးသောသံသရာ့ခရီးသွားတို့သည် ဆက်လက်သွားရန် ကျန်သေးသည် ဟူသောအသိဖြင့် ခရီးနှင်ကြရပေဦးမည်။

ဤမျှဖြင့် ဒုလ္လဘရဟန်းခံရန် ရည်သန်ထားကြသူများအတွက် ပြင်ဆင်ရန်အချက်များ အတော် အသင့် ပြည့်စုံလောက်ပြီဟု ယူဆမိပါသည်။ လိုတာများလည်း ရှိပါဦးမည်။ လိုအပ်သည်များ ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြပြီး သာသနာတော်တွင်းကာလမှာသာ ဖြည့်ကျင့်တော်မူ နိုင်သည့် ပါရမီကုသိုလ်ထူးများကို စနစ်ကျမှန်ကန်စွာ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

ဓမ္မမိတ်ဆွေအားလုံး၊ သတ္တ၀ါအနန္တအားလုံး ဘေးရန်ကြောင့်ကြ၊ ဆင်းရဲကင်းပြီး၊ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကာ အစွဲမကျန် ပြည်နိဗ္ဗာန်သို့ အရောက်ချီနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

Friday 24 June 2011

အကုသိုလ် အခြေအမြစ်သုံးပါးမှ လိုချင်မှု 'လောဘ'

အကုသိုလ် အခြေအမြစ်သုံးပါးမှ လိုချင်မှု 'လောဘ'

အဘယ်သည် လိုချင်မှု 'လောဘ' မည်သနည်း...

အကြင်တပ်မက်မှု 'ရာဂ'၊
ပြင်းစွာတပ်မက်မှု 'သာရာဂ'၊
အဖန်ဖန်ဆွဲဆောင်မှု 'အနုနယ'၊
မဆန့်ကျင်မှု 'အနုရောဓ'၊
နှစ်သက်မှု 'နန္ဒီ'၊
နှစ်သက်တပ်မက်မှု 'နန္ဒိရာဂ'၊
စိတ်၏ ပြင်းစွာတပ်မက်မှု 'စိတ္တသာရာဂ'၊
လိုလားမှု 'ဣစ္ဆာ'၊
တပ်မက် တွေဝေမှု 'မုစ္ဆာ'၊
မျိုမတတ်တပ်မက်မှု 'အဇ္ဈောသာန'၊
ဆာလောင်မှု 'ဂေဓ'၊
ထက်ဝန်းကျင်ဆာလောင်မှု 'ပရိဂေဓ'၊
တွယ်တာမှု 'သဂ'၊
စေးကပ်မှု 'ပင်္က'၊
ဆွဲငင်မှု 'ဧဇာ'၊
လှည့်ပတ်မှု 'မာယာ'၊
ဖြစ်စေမှု 'ဇနိကာ'၊
ကောင်းစွာ ဖြစ်စေမှု 'သဉ္ဇနနီ'၊
ချုပ်စပ်မှု 'သိဗ္ဗိနီ'၊
ဖွဲ့ယှက်မှု 'ဇာလိနီ'၊
အောက်မေ့စီးဆင်းမှု 'သရိတာ'၊
စွဲငြိမှု 'ဝိသတ္တိကာ'၊
ယိုစီးမှု 'သောတ'၊
ပျံ့နှံ့တပ်မက်မှု 'ဝိသဋာ'၊
အာရုံကို ရရန်အားထုတ်မှု 'အာယူဟနီ'၊
အဖော်ဖြစ်မှုသဘော 'ဒုတိယာ'၊
တောင့်တမှု 'ပဏိဓိ'၊
ဘဝ၌ နှောင်ဖွဲ့တတ်သော ကြိုးနှင့်တူသော သဘော 'ဘဝနေတ္တိ'၊
တောနှင့်တူသောသဘော 'ဝန'၊
တောကြီးနှင့်တူသော သဘော 'ဝနထ'၊
ပေါင်းဖော်ခြင်းသဘော 'သန္ထဝ'၊
စေးကပ်ခြင်းသဘော 'သိနေဟ'၊
ငဲ့ကွက်ခြင်းသဘော 'အပေက္ခာ'၊
အထပ်ထပ်နှောင်ဖွဲ့ခြင်းသဘော 'ပဋိဗန္ဓု'၊
လိုချင်မှု့ 'အာသာ'၊
လိုချင်သော အခြင်းအရာ 'အာသီသနာ'၊
လိုချင်တတ်သည်၏ အဖြစ် 'အာသီသိတတ္တ'၊
ရူပါရုံကို လိုချင်မှု 'ရူပါသာ'၊
သဒ္ဒါရုံကို လိုချင်မှု 'သဒ္ဒါသာ'၊
ဂန္ဓာရုံကို လိုချင်မှု 'ဂန္ဓာသာ'၊
ရသာရုံကိုလိုချင်မှု 'ရသာသာ'၊
ဖောဋ္ဌဗ္ဗာရုံကို လိုချင်မှု 'ဖောဋ္ဌဗ္ဗာသာ'၊
လာဘ်ကို လိုချင်မှု 'လာဘာသာ'၊
ဥစ္စာကိုလိုချင်မှု 'ဓနာသာ'၊
သားသမီးကို လိုချင်မှု 'ပုတ္တာသာ'၊
အသက်ကို လိုချင်မှု 'ဇီဝိတာသာ'၊
ငါ့ဥစ္စာဟုပြောဆို စေတတ်သော သဘော 'ဇပ္ပါ'၊
အလွန်ပြောဆိုစေတတ်သော သဘော 'အဘိဇပ္ပါ'၊
ပြောဆိုစေတတ်သော အခြင်းအရာ 'ဇပ္ပနာ'၊
ပြောဆိုစေတတ်သည်၏အဖြစ် 'ဇပ္ပိတတ္တ'၊
အာရုံ၌ လုယက်ခြင်းသဘော 'လောလုပ္ပ'၊
အာရုံ၌ လုယက်သောအခြင်းအရာ 'လောလုပ္ပါယနာ'၊
အာရုံ၌ လုယက် တတ်သည်၏ အဖြစ် 'လောလုပ္ပါယိ တတ္တ'၊
အမြီးနန့်သကဲ့သို့ ဖြစ်သောသဘော 'ပုစ္ဆဉ္ဇိကတာ'၊
အကောင်းကြိုက်မှု 'သာဓုကမျတာ'၊
မတရား တပ်မက်မှု 'အဓမ္မရာဂ'၊
အဆမတန်လိုချင်မှု 'ဝိသမလောဘ'၊
နှစ်သက်မှု 'နိကန္တိ'၊
နှစ်သက်သော အခြင်းအရာ 'နိကာမနာ'၊
မျှော်လင့်မှု 'ပတ္ထနာ'၊
ချစ်ခင်မှု 'ပိဟနာ'၊
အလွန်မျှော်လင့်မှု 'သမ္ပတ္ထနာ'၊
ကာမဂုဏ်၌ တပ်မက်မှု 'ကာမတဏှာ'၊
ဘဝ၌ တပ်မက်မှု 'ဘဝတဏှာ'၊
ဘဝကင်းပြတ်သည်၌ တပ်မက်မှု 'ဝိဘဝတဏှာ'၊
ရူပဘုံ၌ တပ်မက်မှု 'ရူပတဏှာ'၊
အရူပဘုံ၌ တပ်မက်မှု 'အရူပတဏှာ'၊
ဘဝချုပ်ခြင်း၌ တပ်မက်မှု 'နိရောဓတဏှာ'၊
အသံ၌ တပ်မက်မှု 'သဒ္ဒတဏှာ'၊
အနံ့၌ တပ်မက်မှု 'ဂန္ဓတဏှာ'၊
အရသာ၌ တပ်မက်မှု 'ရသတဏှာ'၊
အတွေ့၌ တပ်မက်မှု 'ဖောဋ္ဌဗ္ဗတဏှာ'၊
တရား၌ တပ်မက်မှု 'ဓမ္မတဏှာ'၊
ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေခြင်းသဘော 'သြဃ'၊
ယှဉ်စေခြင်းသဘော 'ယောဂ'၊
ထုံးဖွဲ့ခြင်းသဘော 'ဂန္ထ'၊
စွဲလန်းမှုသဘော 'ဥပါဒါန်'၊
ပိတ်ပင်ခြင်းသဘော 'အာဝရဏ'၊
တားမြစ်ခြင်းသဘော 'နီဝရဏ'၊
ဖုံးကွယ်ခြင်းသဘော 'ဆဒန'၊
နှောင်ဖွဲ့ခြင်းသဘော 'ဗန္ဓန'၊
ညစ်နွမ်းစေတတ်သောသဘော 'ဥပက္ကိလေသ'၊
ဖြစ်ပေါ်တတ်သောသဘော 'အနုသယ'၊
ထကြွတတ်သောသဘော 'ပရိယုဋ္ဌာန'၊
ရစ်ပတ်တတ်သော သဘော 'လတာ'၊
အမျိုးမျိုးအလိုရှိခြင်းသဘော 'ဝေဝိစ္ဆ'၊
ဆင်းရဲမှု၏ အခြေအမြစ် 'ဒုက္ခမှုလ'၊
ဆင်းရဲမှု၏ အကြောင်းရင်း 'ဒုက္ခနိဒါန'၊
ဆင်းရဲမှု၏ အမွန်အစ 'ဒုက္ခပ္ပဘဝ'၊
မာရ်မင်းကျော့ကွင်း 'မာရပါသ'၊
မာရ်မင်းငါးမျှားချိတ် 'မာရဗဠိသ'၊
မာရ်မင်း၏ နယ်ပယ် 'မာရဝိသယ'၊
တပ်မက်မှုတဏှာမြစ် 'တဏှာနဒီ'၊
တပ်မက်မှုကွန်ရက် 'တဏှာဇာလ'၊
တပ်မက်မှုတဏှာတောက် 'တဏှာဂဒ္ဒုလ'၊
တပ်မက်မှုတဏှာသမုဒ္ဒရာ 'တဏှာသမုဒ္ဒ'၊
လိုချင်မက်မောမှု 'အဘိဇ္ဈာ'၊ လိုချင်မှု 'လောဘ' ဟူသော အကုသိုလ်တို့၏ အခြေအမြစ် အရင်းမူလသည် ရှိ၏။ ဤသဘောကို လိုချင်မှု 'လောဘ'ဟု ဆိုအပ်၏။

၃ - တိကနိဒ္ဒေသ၊ ခုဒ္ဒကဝတ္ထုဝိဘင်္ဂ၊ အဘိဓမ္မာပိဋက။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တရားဖြင့် ချီးမြှောက်ြခင်းသည် မြတ်၏...




ဗြာဟ္မဏဓမ္မယာဂသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ငါဘုရားသည် ဗြာဟ္မဏအစစ် ဖြစ်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်နေသူ ဖြစ်၏၊ အခါခပ်သိမ်း ပေးလှူရန် ဆေးကြောပြီးသော လက်ရှိသူ ဖြစ်၏၊ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်သူဖြစ်၏၊ အတုမရှိသော ဆေးဆရာဖြစ်၏၊ အတုမရှိမူ၍ ငြောင့်ကို နုတ်တတ်သူ ဆရာဖြစ်၏၊

သင်တို့သည် ထိုငါဘုရား၏ ရင်၌ ဖြစ်သူ ခံတွင်းမှဖြစ်သူ အရိယမဂ် တရား၌ ဖြစ်သူ အရိယမဂ်တရားသည် ဖန်ဆင်းအပ်သူ တရားအမွေခံသူ အာမိသအမွေခံ မဟုတ်သူ သားတော်တို့ ဖြစ်ကြကုန်လော့။

ရဟန်းတို့ ဒါနတို့သည် ပစ္စည်းလေးပါး အာမိသကို ပေးလှူမှု 'အာမိသဒါန' လည်းကောင်း တရားဟောခြင်းစသော ပေးလှူမှု 'ဓမ္မဒါန' လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မဒါန' သည် မြတ်၏။

ရဟန်းတို့ ခွဲခြမ်း ဝေဖန်ခြင်းတို့သည် ပစ္စည်းလေးပါး အာမိသကို ခွဲခြမ်း ဝေဖန်ခြင်း 'အာမိသသံဝိဘာဂ' လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ' လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ခွဲခြမ်း ဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်း စသော 'ဓမ္မသံဝိဘာဂ' သည် မြတ်၏။

ရဟန်းတို့ ချီးမြှောက်ြခင်းတို့သည် ပစ္စည်းလေးပါးဖြင့် ချီးမြှောက်ြခင်း 'အာမိသာနုဂ္ဂဟ' လည်းကောင်း၊ တရားဟောခြင်း စသည်ဖြင့် ချီးမြှောက်ြခင်း 'ဓမ္မာနုဂ္ဂဟ' လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ချီးမြှောက်ြခင်းတို့တွင် အကြင် တရားဟောခြင်း စသည်ဖြင့် ချီးမြှောက်ြခင်း 'ဓမ္မာနုဂ္ဂဟ' သည် မြတ်၏။

ရဟန်းတို့ ပူဇော်ခြင်းတို့သည် ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်း လည်းကောင်း၊ တရားဟောခြင်း စသည်ဖြင့် ပူဇော်ခြင်း လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ပူဇြော်ခင်းတို့တွင် တရားဟောခြင်း စသည်ဖြင့် ပူဇြော်ခင်းသည် မြတ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို –

''အလုံးစုံသော သတ္တဝါတို့ကို သနားတော်မူလေ့ရှိသော အကြင် မြတ်စွာဘုရားသည် ဝန်တိုစိတ်မရှိမူ၍ တရားဟောတော်မူခြင်း ဟူသော ယဇ်ပူဇော်ခြင်းကို ပေးလှူပူဇော်ခဲ့ပြီ။ နတ်လူတို့ထက် မြတ်တော်မူသော ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 100

၁ - ဗြာဟ္မဏဓမ္မယာဂသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။ တရားဖြင့် ချီးမြှောက်ြခင်းသည် မြတ်၏...

Thursday 23 June 2011

myanmar e book

စာအုပ်အမည် – အနော်ရထာအရင်က မြန်မာနိုင်ငံသမိုင်း
ရေးသားသူ – ဗိုလ်မှူးဘရှင်
အမျိုးအစား – သမိုင်း
အနော်ရထာအရင်က မြန်မာနိုင်ငံသမိုင်း (ဗိုလ်မှူးဘရှင်)Download Here 

စာအုပ်အမည် – တို့ဘုရားကိုတို့ဖူးပြီ
ရေးသားသူ – မောင်ကိုကို(အမရပူရ)
အမျိုးအစား – ဆောင်းပါး အက်ဆေး
တို့ဘုရားကိုတို့ဖူးပြီ (မောင်ကိုကို-အမရပူရ) Download Here

စာအုပ်အမည် – လိုက်ခဲ့တော့မြနန္ဒာ
ရေးသားသူ – မြသန်းတင့်
အမျိုးအစား – ၀တ္တုရှည်
စာအုပ် လိုက်ခဲ့တော့မြနန္ဒာ (မြသန်းတင့်)

စာအုပ်အမည် – ရာဇ၀င်ထဲကမိန်းမသား
ရေးသားသူ – ဒေါက်တာမတင်ဝင်း
အမျိုးအစား – သမိုင်း
ရာဇ၀င်ထဲကမိန်းမသား(ဒေါက်တာမတင်ဝင်း)Download Here

စာအုပ်အမည် – သေသော်မှသည်သြော်ကောင်း၏
ရေးသားသူ – ရန်ကုန်ဘဆွေ
အမျိုးအစား – ဆောင်းပါး
သေသော်မှသည်သြော်ကောင်း၏(ရန်ကုန်ဘဆွေ) Download Here

စာအုပ်အမည် – အခန်းဆက်နှင်းဆီ
စာရေးသူ – ဝေမှူးသွင်
အမျိုးအစား- ၀တ္ထုရှည်
အခန်းဆက် နှင်းဆီ(ဝေမှူးသွင်) download here 


စာအုပ်အမည် – လိပိဒီပိကာကျမ်း
စာရေးသူ – ယောအတွငင်းဝန် ဦးဖိုးလှိုင်
အမျိုးအစား – ကျမ်း
လိပိဒီပိကာကျမ်း(ယောအတွင်းဝန် ဦးဖိုးလှိုင်) download here


စာအုပ်မည် – မိုးပေါ်မှာကြယ်တစ်လုံး
စာရေးသူ – မင်းသုဝဏ်
အမျိုးအစား – နက္ခတာရာ
မိုးပေါ်မှာကြယ်တစ်လုံး (မင်းသုဝဏ်) download here

စာအုပ်အမည် – အမှတ်တရတိုက်ပွဲများ (၁) စီစီဝမ်တာပန် တိုက်ပွဲကြီး
ရေးသားသူ – သောင်းဝေဦး
အမျိုးအစား -မှတ်တမ်း
အမှတ်တရတိုက်ပွဲများ (၁) စီစီဝမ်တာပန် တိုက်ပွဲကြီး (သောင်းဝေဦး)Download Here

စာအုပ်အမည် – က၀ိလက္ခဏသတ်ပုံ
စာရေးသူ     – ပါဠိဆရာဦးဖြေ
အမျိုးအစား – ကျမ်း

က၀ိလက္ခဏာသတ်ပုံ (ပါဠိဆရာဦးဖြေ) download here

စာအုပ်အမည် – သေမင်းဖြူ
ရေးသားသူ – မင်းမြတ်သူရ
အမျိုးအစား – ၀တ္တုရှည်
သေမင်းဖြူ(မင်းမြတ်သူရ) Download Here

စာအုပ်အမည် – သမီးရည်စားအဘိဓာန်
ရေးသားသူ – လူနေ

အမျိုးအစား -

သမီးရည်းစားအဘိဓာန် (လူနေ) Download Here 

စာအုပ်အမည် – စစ်ကိုင်းမင်းသမီးဒိုင်ယာရီ
ရေးသားသူ – ခင်ဆွေဦး
အမျိုးအစား – အက်ဆေး
စစ်ကိုင်းမင်းသမီးဒိုင်ယာရီ(ခင်ဆွေဦး) Download Here


စာအုပ်အမည် – တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲနှင့် မင်းလှခံတပ်
ရေးသားသူ – တာမွေ အ.ထ.က (၂) စာပေနှင့် အသိဥာဏ် မြှင့်တင်ရေးအဖွဲ့
အမျိုးအစား – သမိုင်း၊ မှတ်တမ်း၊ သုတေသနစာတမ်း

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲနှင့် မင်းလှခံတပ် Download Here 

စာအုပ်အမည် – ကျိုက်ကမာစိန် စေတီတော်သမိုင်း
ရေးသားသူ – ပညာဝံသသူမြတ်
အမျိုးအစား – သမိုင်း
ကျိုက်ကမာစိန် စေတီတော်သမိုင်း Download Here


စာအုပ်အမည် – ပထမတန်းစားစိတ်ဓာတ်
ရေးသားသူ – လူထုစိန်ဝင်း
အမျိုးအစား – ဆောင်းပါး





ပထမတန်းစားစိတ်ဓာတ် (လူထုစိန်ဝင်း)Download Here 


စာအုပ်အမည် – အကျဉ်းစံ
ရေးသားသူ – မောင်ထွန်းသူ
အမျိုးအစား – ဘာသာပြန်၊ ၀တ္တုရှည်

အကျဉ်းစံ (မောင်ထွန်းသူ)Download Here

မင်းကျင့်တရား၁၀ပါး


မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဥာဏ်ကို ခေါ်ပါသည်။ မင်းကျင့်တရား (၁၀)ပါးရှိပါသည်။
၁)အလှူပေးခြင်း
၂)ငါးပါးသီလ ဆောက်တည်ခြင်း
၃)ပေးကမ်း စွန့်ကြဲခြင်း
၎)ဖြောင့်မတ်ခြင်း
၅)နူးညံခြင်း
၆)ရှစ်ပါးသီလ ဆောက်တည်ခြင်း
ရ)အမျက်မထွက်ခြင်း
၈)ပြည်သူတို့ကို မညှဉ်းဆဲခြင်း
၉)သည်းခံခြင်း
၁၀)ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း

အောင်မြင်ကြောင်း တရား




  • မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်
    ဖြူအောင် စိတ်ကို ထား။

    ပြော ပြု တွေးလျှင်၊ သတိ ယှဉ်
    ဆင်ခြင် ဥာဏ် ရှေ့ သွား။

    စိတ်ထား ဖြောင့် မှန်၊ ခွင့်လွှတ်ရန်
    သည်းခံ မေတ္တာ ထား။

    လုံ့လနှင့် ဇွဲ၊ မလျှော့ဘဲ
    အမြဲ တင်းတင်း ထား။

    အရာရာတွင်၊ အသုံးဝင်
    အောင်မြင် အကြောင်းတရား။

    + ချမ်းမြေ့ရိပ်သာ ဆရာတော် +

တဏှာအစစ် တရာ့ရှစ်


တဏှာအစစ် တရာ့ရှစ်

          “တဏှာသုံးတန်၊ တည်ထားပြန်၊ အာကာသံနှင့်မြှောက်၊ တဏှာအစစ်၊ တရာ့ရှစ် ကိုယ်မှာဖြစ်၍ရောက်”ဟူသည်နှင့်အညီ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာသုံးပါးကို ရူပါရုံဟူသော အဆင်း၊ သဒ္ဒါရုံဟူသော အသံ၊ ဂန္ဓာရုံဟူသော အနံ့၊ ရသာရုံဟူသော အရသာ၊ ဗောဋ္ဌဗ္ဗာရုံဟူသော အထိအတွေ့၊ ဓမ္မာရုံဟူသော ကြံစည်တွေးခေါ် စဉ်းစား သောစိတ် (၆)ပါးနှင့်မြှောက်ပါက (၃x၆=၁၈)ပါးရ၏။ ထို(၁၈)ပါးကို မျက်မှောက်ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့်မြှောက်ပါက (၃x၁၈=၅၄)ပါးရ၏။ တဖန် ထို(၅၄)ပါးကို မိမိ သူတစ်ပါးဟူသော သန္တာန်(၂)ပါးဖြင့် မြှောက်ပါက (၅၄x၂=၁၀၈) ပါးရ၏။
          လူသားစသော သတ္တ၀ါတို့သည် “စွဲလမ်းမှု တပ်မက်ခုံမင် ချစ်ခင်မှု”ဟူသော တဏှာလောဘကို အပြစ်ဟုမမြင်ဘဲ အချစ်ဟု မြင်နေပြီး ချစ်ခင်တွယ်တာနေကြသည်။ ထိုသို့ တွေ့မြင်နေကြသောကြောင့် ဘ၀သံသရာ ခရီးတလျှောက်လုံးတွင် ဒုက္ခမျိုးစုံတို့နဲ့ တွေ့ကြုံနေရခြင်း ဖြစ်ပေသည်။
          တဏှာလောဘများ ဖြစ်ရခြင်းမှာ အမှန်ကိုအမှန်အတိုင်း မသိမြင်အောင် လောကီအာရုံကာမဂုဏ်ဝတ္ထုများကို နှစ်သက်သာယာဖွယ်အာရုံများဟု ထင်မြင်လာအောင် လုပ်ဆောင်ပေးသော ဒိဋ္ဌိကြောင့်ပင် ဖြစ်ပေသည်။ ပကတိအမှန်တရားများကို အထင်မြင်မှားအောင် ပြုလုပ်ပေးထားသော ဒိဋ္ဌိ(အမှန်အတိုင်းမမြင်ခြင်း)ကြောင့် လူသားတို့သန္တာန်မှာ နေ့စဉ်နဲ့အမျှ တဏှာလောဘများ ဖြစ်ပေါ်နေကြရပါသည်။
          ထိုတဏှာလောဘ ဖြစ်ပေါ်လာစေရန် နောက်ခံအကြောင်းတရားများဖြစ်သော မကောင်းသောအရပ်၌ နေရခြင်း၊ လူမိုက်လူယုတ်များနှင့်ပေါင်းသင်းခြင်း၊ နှစ်သက်စရာ လိုချင်စရာ အာရုံများနဲ့ ဆုံစည်းခြင်း၊ မသင့်မလျော် နှလုံးသွင်းလွဲချော်ခြင်း၊ သာယာဖွယ် နှစ်သက်ဖွယ် အာရုံများဟု ရှု့မြင်သုံးသပ်ခြင်းစသော အကြောင်းတရားများ အမြောက် အများ ရှိပေသည်။
`        လူသားများ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရသော လောကီအာရုံများသည် အမှန်စင်စစ် ဆင်းရဲမျိုးစုံ ဖန်တီးပေးတတ်သော သဘောရှိသောကြောင့် အမှန်တကယ် သာယာဖွယ် နှစ်သက်ဖွယ် တွယ်တာမက်မောဖွယ် အာရုံများ မဟုတ်ကြပါ။ တဏှာလောဘကင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြသော ဘုရားရဟန္တာအရိယာသူတော်ကောင်းများသည် ထိုအာရုံများကို စက်ဆုပ်ရွံရှာဖွယ် အာရုံများဟု အရှိကိုအရှိတိုင်း သိမြင်ကြသောကြောင့် မည်သည့် အာရုံကို တွေ့မြင်ရသော်လည်း တွယ်တာမက်မောဖွယ်မှုများ မဖြစ်ကြ၍ ငြိမ်းအေးမှု ချမ်းသာကို ခံစားရပါသည်။
          ပုထုဇဉ်သတ္တ၀ါတို့သည်ကား အမှန်ကိုအမှန်အတိုင်း မမြင်သေးသော ဒိဋ္ဌိနှင့် ထိုကဲ့သို့ မမြင်နိုင်အောင် ဖုံးလွှမ်းပေးထားသော မောဟ(အ၀ိဇ္ဇာ)ရှိနေခြင်းကြောင့် မြင်ရကြုံရတွေ့သမျှသော အာရုံတို့အပေါ်၌ တပ်မက်မှုတဏှာလောဘများ ဖြစ်နေကြရပေသည်။ “မြင်းကို မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်များကိုကျွေးရာ မြင်းက မြက်စိမ်းတွေပဲဟု အမှားမြင်ကာ မြိန်မြိန်ရှက်ရှက် စားသကဲ့သို့ ပုထုဇဉ် သတ္တ၀ါတို့သည်လည်း မောဟတည်းဟူသော မျက်မှန်စိမ်းတပ်မှုကြောင့် နောက်ကွယ်တွင် ဆင်းရဲဒုက္ခအသွယ်သွယ် ခြံရံနေသည့် စက်ဆုပ်ရွံရှာဖွယ်၊ မတင့်တယ်သော အသုဘ အာရုံတို့ကို တကယ်သာယာဖွယ် မက်မောဖွယ်အာရုံများဟု ရှု့မြင်ပြီး လိုချင် တပ်မက်နေပေသည်။
          ထို့ကြောင့် မိမိတို့သည် သံသရာကျွတ်လမ်းကို မသွားနိုင်သေးလျှင်တောင်မှ သံသရာထဲကျင်လည်နေစဉ်မှာ ဘယ်ရာသည် ပြုလုပ်သင့် မပြုလုပ်သင့်။ ဘယ်ရာကို ပြုလုပ်လျှင် မည်သို့သော ကောင်းကျိုးဆိုးကျိုးရမည်၊ ဘယ်ရာကိုမပြုလုပ်လျှင် မည်သို့ သော ချမ်းသာ၊ဆင်းရဲကို ခံစားရမည်စသည့်အချက်များကို မိမိသည် မည်သည့်ကိစ္စကိုမဆို မပြုလုပ်ခင်ကတည်းက စဉ်းစားဆင်ခြင်နိုင်သော အသိဉာဏ်လေးများ ထာဝရ မိမိသန္တာန်ရှိအောင် လုပ်ထားရပါလိမ့်မည်။
          သို့မှသာလျှင် မိမိတို့ သံသရာလောကကြီးထဲ၌ ကျင်လည်နေစဉ်မှာပင် မိမိအတွက် ကောင်းကျိုးများများရပြီး ဆင်းရဲဒုက္ခများနည်းကာ ဘ၀အတွက် သာယာလှပ နေပါ လိမ့်မည်။

          အရှင်ကောမလ(ခ)ဆန်နီနေမင်း
 Sanninaymin@gmail.com
                                                          သာသနတက္ကသီလဓမ္မာစရိယ
                                                          B.A (Buddhism)
                                                          M.A (university of Kelaniya)
                                                          Colombo, Sri lanka.

ဘုရား တရား သံဃာ ပူဇနာ ဂါထာ ၃ ပုဒ်

ဘုရား တရား သံဃာ ပူဇနာ ဂါထာ ၃ ပုဒ်

Monday 20 June 2011

စာအုပ်စဉ်

မြန်မာစာအုပ်များ


Right Click နှိပ်ပြီး Save လုပ်ပြီးဖွင့်ပါ။ ပိုမိုမြန်ဆန် လွယ်ကူပါသည်။ မြန်မာ စာအုပ်များ

  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
  10. မဟာသေနာပတိ (ချစ်ဦးညို)
  11. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  12. တွေးသူများ (ကိုတာ)
  13. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  14. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  16. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  17. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  19. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  21. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  22. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)   
  23. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  24. ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  25. ရှက်ပြုံး (ချစ်စံဝင်း)
  • မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)

  • ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)

  • တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)

  • တော (လင်းဝေမြိုင်)

  • မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)       

  • စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)

  • စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)

  • စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)

  • ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)

  • သူတို.အမြင်သူတို.အတွေး (ပါရဂူ)

  • ကလေးပြဿနာ (ပါရဂူ)

  • သူ.လိုဘုရင် (ပါရဂူ)

  • လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)

  • သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)

  • ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)

  • ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)

  • ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)

  • တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)

  • ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)

  • ခေါင်းနှင့်ပန်း (ဖိုးဝမောင်)

  • အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)

  • ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)

  • ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)

  • အချစ် လက္ခဏာ (စံ-ဇာဏီဘို)

  • အချစ် ဗေဒင် (စံ-ဇာဏီဘို)

  • မီးပြတိုက် (ဆောင်းဝင်းလတ်)

  • နံနက် ၃နာရီ (ဆောင်းဝင်းလတ်)

  • ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)

  • အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)

  • အဖော် (ရှား)

  • တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)

  • မြတ်သက်မော် (ရွှေဥဒေါင်း)

  • ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)

  • ရတနာပုံ (ရွှေဥဒေါင်း)

  • ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)

  • အနားသတ်သစ္စာ (စိုးမြတ်သူဇာ)

  • ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)

  • လူညာကြီး (ဆွေဆွေအောင်)

  • လွယ်အိပ်ကလေး (ဆွေဆွေအောင်)

  • အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)

  • မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)

  • ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)

  • ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)

  • ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)

  • ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)

  • အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)

  • ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)

  • ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)

  • ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)

  • ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)

  • လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)

  • ချစ်သုံးလီ (သန်းဆွေ)

  • ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)

  • ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)

  • ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)

  • အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)

  • မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)

  • အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)

  • သုခ မှတ်စု

  • ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)

  • ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)

  • အာဇာနည် (ဦးနု)

  • တာတေ စနေသား (ဦးနု)

  • ဘ၀အကျဉ်းသား (ဦးရွှေအောင်)

  • ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ

  • HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)

  • ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)

  • ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****

  • ယောနသံ ဇင်ယော် (ဦးဘသန်း)

  • မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ

  • ကိုဒေါင်း (မောင်ထင်)

  • ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)

  • သွေး (ဂျာနယ်ကျော် မမလေး) ***

  • ဂျုလိယက်ဆီဆာ (မန်းတင်)

  • ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)

  • ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)

  • မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)

  • မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)

  • အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)

  • ရတနာ လိုဏ်ဂူ (နတ်နွယ်)

  • အတွေးအမြင်စာစဉ်

  • ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)

  • ဗေဒါလမ်း (ဇော်ဂျီ)

  • ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)

  • မြိုင် (ဒဂုန်တာရာ)

  • စက်ဝိုင်း (မစန္ဒာ)

  • ငယ်သူမို.မသိပါ (မစန္ဒာ)

  • ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)

  • ဂျီဟောသူ (မစန္ဒာ)

  • အရိပ် (မစန္ဒာ)

  • ၀တ္တုတိုများ ၆ (မစန္ဒာ)

  • ပုစ္ဆာ (မစန္ဒာ)

  • မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)

  • ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)

  • ကိုဒေါင်း (မောင်ထင်)

  • မြန်မာ၁၂လအကြောင်း (မောင်ထင်)

  • ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)

  • ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)

  • ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)

  • သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)

  • ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)

  • ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)

  • တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)

  • မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)

  • ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)

  • ပေတလူ (မင်းသိင်္ခ)

  • ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)

  • ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)

  • ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)

  • မ" တတ်ပါ့" (မင်းသိင်္ခ)

  • မအောင်ရင် (မင်းသိင်္ခ)

  • မနောမယကိုပီတာ (မင်းသိင်္ခ)

  • ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)

  • ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)

  • အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)

  • နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)

  • ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)

  • ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)

  • တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)

  • လှည့်စား (နီကိုရဲ)

  • သံစုံကြူးတဲ့ည (နီကိုရဲ)

  • လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)

  • နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)

  • ဇွတ် (နီကိုရဲ)

  • ဇက်ပေါ်ကဆီးသီး (နီကိုရဲ)

  • ရေပွက်ပမာ (မြသန်းတင့်)

  • ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)

  • သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)

  • လွမ်းလေကညင်း (နွမ်ဂျာသိုင်း)

  • တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)

  • ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)

  • အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)

  • မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)

  • အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)

  • ဖူးစာရှင် (မင်းလူ)

  • အမှတ်တရ (ဂျူး)

  • ချစ်သူ၏သမီး(ဂျူး)

  • ရေမျောသီး(ဂျူး)

  • လေထဲမှာပျံဝဲသူများ(ဂျူး)

  • ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)

  • အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)

  • ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)

  • ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)

  • လရောင်ကိုကြောက်သူ(ဂျူး)

  • ချစ်ခြင်း၏အနုပညာ(ဂျူး)

  • မိန်းမနှစ်ယောက်(ဂျူး)

  • မြရဲ့လ(ဂျူး)

  • အက်ဆစ်တစ်ခွက်(ဂျူး)

  • ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)

  • ကျွန်မနဲ့ဆေးလိပ်(ဂျူး)

  • ဆရာဝန်နှစ်ယောက်(ဂျူး)

  • ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)

  • ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)

  • လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)

  • ရှက်စိတ် (လူထုစိန်ဝင်း)

  • အဖြူ (ဂျာနယ်ကျော် မမလေး)

  • အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)

  • ရှူး (တာရာမင်းဝေ)

  • ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)

  • အပြင်ကလူ (ကြည်အေး)

  • နွမ်းလျအိမ်ပြန် (ကြည်အေး)

  • ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)

  • အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)

  • သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)

  • စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)

  • နဂါးနိုင်ဓါး

  • စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)

  • ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)

  • ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)

  • ကလေးအတွေး (မင်းခိုက်စိုးစန်)

  • သုည (မင်းခိုက်စိုးစန်)

  • နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)

  • လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)

  • သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)

  • မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)

  • မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)

  • မိန်းမလှအမုန်း (၀င်းဦး)

  • ရွှေဝါပြည် (ရန်ကုန်ဘဆွေ)

  • ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု (ပုညခင်)

  • အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)

  • ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)

  • ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)

  • ကျွန်မင်းသား (ဒဂုန်ရွှေမျှား)

  • အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)

  • ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)

  • စာမရီတို့ထူးထူးခြား (ချစ်ဦးညို)

  • ယာဇ (ချစ်ဦးညို)

  • မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)

  • စွယ်စုံလက်ဆောင် (အကြည်တော်)

  • မိုးတိမ်ပုံပြင် (အကြည်တော်)

  • ဘီလူး (အကြည်တော်)

  • (အကြည်တော်)

  • အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)

  • ပိုးကောင်များ (အကြည်တော်)

  • တောသားကြီး (အကြည်တော်)

  • သံသရာအကွေ့တစ်ရာ (အကြည်တော်)

  • သဲလှည်း (အကြည်တော်)

  • အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)

  • ရော်ဘင်ဆင်ကရူးဆိုး (ဒဂုန်ရွှေမျှား)

  • မှ တစ်ဆင့် (မိုးမိုးအင်းလျား)

  • ဖြူမှောင်ဝေကင်း (မိုးမိုးအင်းလျား)

  • ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)

  • စိန်တစ်ပွင့် (မိုးမိုးအင်းလျား)

  • သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)

  • ဝေဒနာ ကြာနီပွင့် (မိုးမိုးအင်းလျား)

  • လရဲ့အောက်ဘက်မိုင်အဝေးမှာ (ဂျူး)

  • ကွက်လပ်ကလေးဖြည့်ပေးပါ (မစန္ဒာ)

  • ပန်းစကား (မစန္ဒာ)

  • ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)

  • နတ်နေကိုင်း (အကြည်တော်)

  • နတ်ပြည်၏နံနက်ခင်း (အကြည်တော်)

  • ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘ