Saturday 30 April 2011

မှတ်သားစရာ




အသိနှင့်အကျင့်

အကျင့်မပါသော အသိတရားများက မိမိကိုယ်ကို ဖျက်ဆီးဖို့သာ ဖြစ်နေတတ်၏။


အသိကို လိုက်မကျင့်လျှင် နောက်ဆုံး၌ သိသလိုလို မသိသလိုလိုနှင့် မသိသည်သာလျှင် ဖြစ်သွားတတ်သောကြောင့် အသိနှင့်အကျင့် ထပ်တူကျစေရန် ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိရော အကျင့်ပါ ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဲ့သို့ ကျင့်ကြံပွါးများအားထုတ်ကြရာ၏။

ပြန်သိမ်းရန်

14 Sep 2009


ရန်ကိုရန်ချင်း မတုန့်ညှင်းနှင့်၊ မေတ္တာဖြင့်သာ အောင်မြင်ရာ၏...

ရန်ဟူရာ၌ သူတစ်ပါးမှ မိမိအားကျေနပ်မှုမရှိအောင် ပြုလုပ်ခံရခြင်း၊ လက်တုန့်ပြန်ချင်စိတ် ပေါက်အောင် မိမိ၏ဒေါသစိတ်တို့ကို နှိုးဆွပေးခြင်း၊ လိုချင်တာမရလို့ မကျေမနပ်ဖြစ်ရခြင်း စသည့် လောကဓံတရားများပင်ဖြစ်ပေသည်။



အပြည့်အစုံသို့

မြတ်သောအကျင့်တရား

သည်းခံခြင်းထက်လွန်သောတရားမည်သည် မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့် တရားဖြစ်ပေသည်။


အပြည့်အစုံသို့

10 Mar 2009


စိတ်ကောင်းနှင့်ယှဉ်

အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။


အပြည့်အစုံသို့

ကုသိုလ်၊ အကုသိုလ်

ကုသိုလ်ကောင်းမှုတရားတို့၌ အမြဲမွေ့လျော်နေခြင်းသည် ကောင်းကျိုးချမ်းသာအဖြာဖြာတို့ ကိန်းဝပ်စည်ပင်နေခြင်းပင်ဖြစ်၏။

အပြည့်အစုံသို့

30 Dec 2008


လောကရဲ့ဒဏ် ကြံ့ကြံ့ခံ

လောကဓံတရားရှစ်ပါးဖြစ်သည့် လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွအရံ မရှိခြင်း၊ အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချမ်းသာနှင့်ပြည့်စုံစွာနေနိုင်ခြင်း၊ ဆင်းရဲခြင်းနှင့် ရင်ဆိုင်ရခြင်းစသည့် လောကဓံတရားများသည် မလွတ်မလပ် ဒလစပ် ကြုံတွေ့ရသည်မှာ လောက၏ ဖြစ်စဉ်ဓမ္မတာပင်ဖြစ်ပေသည်။ ထိုသို့ အကောင်းလောကဓံ၊ အဆိုးလောကဓံ တစ်လှည့်စီ ရိုက်ခတ်နေကြရာ အကောင်းနှင့် ကြုံတွေ့ရလို့လည်း မမြောက်ကြွရာ၊ အဆိုးနှင့် ကြုံတွေ့ရလို့လည်း စိတ်ဓာတ်မကျလေရာ။

အပြည့်အစုံသို့

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

အလှူအားလုံးတွင် တရားအလှူသည်သာအမြတ်ဆုံးဖြစ်ပေသည်။ သေခြင်းတရားထက် ဆင်းရဲမည်သည် မရှိ။ တရားသည်ကား မသေရာကို ညွှန်ပြခြင်းဖြစ်၏။ မသေရတာလောက် ချမ်းသာမည်သည် မရှိ။


အပြည့်အစုံသို့

1 comment: