Sunday, 3 April 2011

ဆရာတော်များ၏ မှတ်စရာ စာစုလေးများ

ဒုက္ခနည်းအောင်နေနည်း
ကိုယ့်ရဲ့လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်လေ
ပြဿနာနည်းလေ၊ ဒုက္ခနည်းလေ၊ လူသတ်သာလေးပဲ၊
လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကတော့
စိတ်ကိုတည်ငြိမ်အောင်ထားပြီး တွေ့ကြုံလာသမျှကို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပဲလို့ မကြာမကြာ
ရှုမြင်၊ ဆင်ခြင်၊ နှလုံးသွင်းခြင်းပါပဲ။

မိဘစိတ်ဝမ်း၊ ငြိမ်းချမ်းစေရာ၊ ၀တ်များစွာဖြင့်၊ ကြည်သာနေ့ည၊ ပြုစုာကမူ....
လောကတွင်လည်း၊ ပညာရှင်များ၊ ချီးမွမ်းငြားရှင့်၊
တစ်ပါးဘ၀၊ ပြောင်းကြပြန်ပါ၊ နောင်အခါလည်း၊ နတ်ရွာဘ၀၊
ရောက်လေရသည်၊ မိဘလုပ်ကျွေးရကျိုးတည်း...........။

ဝဋ်လည်မယ် သတိထား
ဆရာသမားကို ဒုက္ခပေးသော တပည့်၊
မိဘကို ဒုက္ခပေးသော သားသမီး၊
ကျေးဇူးရှင်ကို ကျေးဇူးကန်းသော သူတို့သည်
မည်သည့်အခါမှ မကြီးပွား၊
ကြီးပွားသော်လည်း တာရှည်မခံ၊
ထိုသူတို့သည်
မကြာမီ ၀ဋ်ပြန်လည်လိမ့်မည်။

ဘာထူးမှာလဲ
လူတိုင်းမှာ၊ လောဘ၊ ဒေါသ၊ မောဟတွေ
အနည်းနဲ့အများ ရှိကြတာပဲ။
ဘုရားပွင့်လာတာဟာ
လောဘ၊ ဒေါသ၊ မောဟတွေ နည်းအောင် ကင်းအောင်လို့ပါ။
ကိုယ့်မှာ လောဘ၊ ဒေါသ၊ မောဟဖြစ်လာတဲ့အခါ
ဘုရားပေးတဲ့နည်းအတိုင်း မထိန်းချုပ်နိုင်ကြဘူးဆိုရင်
လူ့ဘ၀ရလာတာဟာ
တခြားဘ၀တွေနဲ့ ဘာထူးမှာလဲ။

ဆရာတော်များ၏ မှတ်စရာ စာစုလေးများ

အဆောင်ကောင်း
လူတွေဟာ လက်စွပ်၊ လက်ကောက်၊ဆွဲကြိုး စတဲ့ လက်ဝတ်တန်ဆာ
ရတနာတွေကို ကိုယ်နဲ့မကွာ အမြဲဝတ်ဆင်ထားသလို တရားကို ကိုယ်နဲ့မကွာ
ဝတ်ဆင်ဆောင်ထား နိုင်မယ်ဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ရဖို့မခဲယင်းဘူး၊
ရတနာအမျိုးမျိုး ရှိတဲ့အနက် တရားရတနာဟာ အကောင်းဆုံး၊ အမြတ်ဆုံးပဲ။
အဆောင်ကတော့ အဆောင်တွေထဲမှာတော့ တရားအဆောင်ဟာ အကောင်းဆုံးပဲ။
ဒါကြောင့်`တရားသတိ၊ အမြဲရှိမှ၊ ခုလည်းချမ်း၊ နောင်ချမ်းသာမည်၊ ငါ့မှာ
သတိမြဲတည့်း ` လို့နေ့တိုင်း ရှုမြင်၊ ဆင်ခြင် နှလုံးသွင်းရမယ်။

လုပ်ဆောင်ချက်ကသာ အဓိက
ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောတဲ့အခါ ရက်ရာဇာ
မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောတဲ့အခါ ပြဿဒါး၊
ကိုယ့်ရဲ့ ကံကောင်းမှု၊ ကံမကောင်းမှုဟာ နေ့တွေရက်တွေနဲ့မဆိုင်ပါ။
ကိုယ်ရဲ့ ပြုလုပ်၊ ပြောဆို၊ ကြံစည်မှု ကောင်းမကောင်း နဲ့သာဆိုင်တာပါ။
ကံကောင်းချင်ရင် ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော၊
ကံဆိုးချင်ရင် မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြော၊
အဲဒါ ဗုဒ္ဒနည်းကျ ကမ္မနီယာမ သဘော။

ဆရာတော်များ၏ မှတ်စရာ စာစုလေးများ

အလှပြင်ကြစို့
လက်ကိုလှပတေအာင် ပြုလုပ်ပေးသောအရာမှာ
လက်စွပ်၊ လက်ကောက်မဟုတ်ပါ။
စွန့်ကြဲ၊ ပေးကမ်၊ လှူဒါန်းခြင်းသာ ဖြစ်သည်။
နားကို လှပအောင် ပြုလုပ်ပေးသောအရာမှာ
နားကပ်၊ နားဒေါင်းမဟုတ်ပါ။
တရားဓမ္ဒ ကြားနာခြင်းသာဖြစ်သည်။
နှုမ်းခမ်းကို လှပအောင် ပြုလုပ်ပေးသောအရာမှာ
နှုတ်ခမ်းဆိုးဆေးမဟုတ်ပါ။
ယဉ်ကျေးချိုသာ၊ မှန်ကုန်စွာပြောဆိုခြင်း၊
တရားစာ ရွက်ဖတ်သင်အံခြင်းသာ ဖြစ်သည်။
ခန္ဓာကိုယ်ကို လှပအောင် ပြုလုပ်ပေးသောအရာမှာ
သယက်တန်ဆာမဟုတ်ပါ။
သီလရှိခြင်း၊ စည်းကမ်းရှိခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊
မေတ္တာ၊ စေတနာခြင်ဖြင့် အများအကျိုး ဆောင်ရွက်ပေးခြင်း၊
လူကြီးသူမများကို ရိုသေလေးစားခြင်းဖြစ်သည်။

ဆရာတော်များ၏ မှတ်စရာ စာစုလေးများ

သံဝေဂ
သူ့ကိုလည်း ငါမပိုင်၊
ငါ့ကိုလည်း သူမပိုင်
ဘယ်သူ့ကိုမျ ဘယ်သူ မပိုင်၊
ငါကိုယ်သော်မှ ငါ မပိုင်၊

အချိန်တိုင်းက..
သူဖြစ်ချင်သလိုဖြစ်၊
ငါဖြစ်ချင်သလို မဖြစ်၊
လူကသော်လည်း ဥစ္စာကိုပစ်၊
ဥစ္စာကသော်လည်း လူကိုပစ်၊

စင်စစ်မုချ...
အမြဲမရှိ အနိစ္စ
ကြောက်စရာ ဒုက္ခ
အစိုးမရ အနတ္တ ပါတကား။
(ဒီပဲယင်း ဆရာတော်)


အသေလှချင်သလား
သေခါနီးလေး၊ ကြိုတင်တွေးကြည့်၊
စိတ်ချမ်းသာ၊ သေနိုင်မှာလား။
စွဲလမ်းလို့သာ၊ သင်သေမှာလား။
ယောင်းယမ်းလူးလွန့်၊ သက်စွန့်မှာလား။
ဟစ်အော်ညည်းကာ၊ သေသွားမှာလား။
သက်ရှင်နေစဉ်၊ ကုသိုလ်ခင်မှ၊
သေစဉ်လှလှ၊ သင်သေရလိမ့်။
(သာမဏေကျော်)


ဆုတောင်းတိုင်းပြည့်လိုသော်
ထိုထိုများစွာ၊ သတ္တ၀ါ၌၊
ဤငါးပါးနှင့်၊ ပြည့်ငြားသူသာ၊
လိုရာရာလျှင်၊ ပတ္တနာဆုတောင်း၊
တောင်းတိုင်းမုချ၊ ရတက်စွတည်း၊
(မဃဒေ၀လင်္ကာသစ်)


သာသနာနဲ့တွေ့ရကျိုးနပ်အောင်
ဘုရားသာသနာတော်တွင်းမျာ လူဖြစ်ပါလျက် ၀ိပဿနာကုသိုလ်မှ
ရမသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးနပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပ မှာလည်းရှိတယ်။
ဝိပဿနာ ကတော့ သာသနာပမှာ မရှိဘူး။ ဒါ့ကြောင့်ပါပဲ။
(မဟာစည် ဆရာတော်ကြီး)


တဲစုတ်ချမ်းသာ
တိုက်ကြီးပေါ်က မသူတော်၏ ဘ၀ထက် တဲစုတ်လေးထဲက သူတော်ကောင်း၏
ဘ၀က အနှိုင်းမဆမရှိ ပို၍ချမ်းသာပါတယ်။
(သမာမဏေကျော်)


စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး၏ သြ၀ါဒ
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။


အနှစ်သုံးပါး
ပစ္စည်းဥစ္စာ၊ အနှစ်ရှာ၊ ပြုပါ ဒါန မှတ်၊
မိမိခန္ဓာ၊ အနှစ်ရှာ၊ စောင့်ပါ သီလ မှတ်၊
အသက်ဇီဝါ၊ အနှစ်ရှာ ဘာဝနာ ဟုမှတ်၊
လှူပါ၊ စောင့်ပါ၊ ပွါးများပါ၊ သုံးဖြာ အနှစ် မှတ်။
(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)


မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပျက်၊ အိမ်တွင်ဖတ်၊
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်။ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေးစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း၊
(ရှင်မဟာရဋ္ဌသာရ)


ပညာပြည့်ဝ နှလုံးလှ
ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်
ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏
(မဃဒေ၀)

ဗုဒ္ဓဖြစ်စဉ်

The Life of the Buddha

ဆရာတော်များ၏တရားတော်များ

ဆရာတော်များ၏လင်.များ

http://theinngu.org/ (သဲအင်းဂူဆရာတော်)
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)
http://www.dhammaceti.org/home.htm (ဘုန်းဘုန်းကောသလ္လ)
http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၁)
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)