Showing posts with label အမေးအဖြေ. Show all posts
Showing posts with label အမေးအဖြေ. Show all posts

Saturday, 9 April 2011

နိဗ္ဗာန်ကိုဘယ်လိုသွားရောက်နိုင်ပါသလဲ???????????

ပုဏ္ဏားကြီး အမေး၊ မြတ်ဗုဒ္ဓဖြေ

အရှင်ဂေါတမ၊ နိဗ္ဗာန်ဆိုတာရှိသလား

ရှိပါတယ်-ပုဏ္ဏားကြီး

အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကို သိပါသလား

သိပါတယ်

နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဆိုတာ ရှိပါသလား

ရှိပါတယ်-ပုဏ္ဏားကြီး

အဲဒါကို အရှင်ဂေါတမက ဟောနိုင်ပါသလား


ဟောနိုင်ပါတယ်

အရှင်ဂေါတမ ဟောပြပေးတာကို နာရသူတိုင်း အဲဒီနိဗ္ဗာန်ဆီ
ရောက်ပါသလား

ရောက်တဲ့သူတွေလဲ ရှိပါတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်

ဘယ်လိုဖြစ်လို့လဲ-အရှင်ဂေါတမ မရောက်တဲ့သူတွေက ဘာဖြစ်လို့
မရောက်ကြတာလဲ

မြတ်ဗုဒ္ဓအမေး ပုဏ္ဏားကြီး အဖြေ

ပုဏ္ဏားကြီး-သာဝတ္ထိမြို့ဆိုတာ ရှိပါသလား

ရှိပါတယ်၊ အရှင်ဂေါတမ

သာဝတ္ထိမြို့ရှိတဲ့နေရာကို သင်သိပါသလား

သိပါတယ်၊ အရှင်ဂေါတမ

သာဝတ္ထိမြို့သို့ ရောက်စေနိုင်တဲ့လမ်းကရော ရှိသလား

ရှိပါတယ်- အရှင်ဂေါတမ

အဲဒီလမ်းကို ပုဏ္ဏားကြီးက ပြောပြပေးနိုင်ပါသလား

ပြောပြပေးနိုင်ပါတယ်-အရှင်ဂေါတမ

ပုဏ္ဏားကြီးပြောပြတာကို သိတဲ့သူတိုင်း သာဝတ္ထိမြို့သို့ ရောက်ပါ
သလား

ရောက်တဲ့သူတွေလဲ ရှိတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်

ဘယ်လိုဖြစ်လို့လဲ- ပုဏ္ဏားကြီး

တပည့်တော် နားလည်သွားပါပြီ အရှင်ဘုရား။ ပြောပြပေးထားတဲ့
အတိုင်း သေချာမှတ်သားပြီး သေချာလိုက်နာပြီး သွားသူတွေပဲ ရောက်ပါ
တယ် အရှင်ဘုရား


http://www.sbay-student.org/

www.dhammaanalysis.multiply.com/


နိဗ္ဗ္ဗာန် ဟူသည်

နိဗ္ဗာန် သည် အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ပါတယ်။ ယင်း အစစ်အမှန် တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များ ကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်း တလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများသည် နိဗ္ဗာန် ဟူသည်မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ -

၁။ ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေသောကြောင့်
ဖြစ်သည် ။
၂။ ကျမ်းပြုသူ ကိုယ်တိုင် နိဗ္ဗာန် ကို မျက်မှောက်ပြုသည်အထိ ကျင့်ကြံအားထုတ်မှု
မရှိသောကြောင့် ဖြစ်သည်။
၃။ ကျင့်ကြံအားထုတ်သော်လည်း နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်
အရာမှ မရှိသောကြောင့်လည်း ဖြစ်ပါသည်။

နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတန သုတ်တွင် တွေ့နိုင်သည်။)
တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။
၁။ သဥပါဒသေသ နိဗ္ဗာန်
၂။ အနုပါဒသေသ နိဗ္ဗာန် တို့ဖြစ်သည်။

သဥပါဒသေသ နိဗ္ဗာန်

မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော နိဗ္ဗာန်ကို သဥပါဒသေသ နိဗ္ဗာန်ဟု ခေါ်သည်။
၁။ ပထမမဂ်ဥာဏ်ရသော သောတာပန်သည် သောတာပန်ကို မြင်အပ်၊ ရအပ်သော
သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
၂။ ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမ်ကို မြင်အပ်၊ ရအပ်သော
သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
၃။ တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမ်ကို မြင်အပ်၊ ရအပ်သော
သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။


အနုပါဒသေသ နိဗ္ဗာန်

သေပြီးနောက် ဘ၀မကူးတော့ပဲ ရအပ်သော နိဗ္ဗာန်ကို အနုပါဒသေသ နိဗ္ဗာန်ဟု ခေါ် သည်။ စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍ နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ် တော့သည့် အနုပါဒသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။ နိဗ္ဗာန်နှင့် ပတ်သက်၍

မိလိန္ဒမင်းနှင့် အရှင်နာဂသိန် တို့၏ အမေး အဖြေ

ထေရ် - မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။
မင်း - ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။

ထေရ် - မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏ ။ မနောဝိညဉ်ဖြင့် သိအပ်၏ ။ စင်ကြယ်မြင့်မြတ် သော ၊အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင် ၊မြင်နိုင်သည်။
မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း ။

ထေရ် - မင်းကြီး ၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော ။
မင်း - ရှိပါသည် ၊ အရှင် ။

ထေရ် - လေသည် အဆင်း ၊ ပုံသဏ္ဍာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း ။
မင်း - လေကို ညွှန်ပြ ၊ဖော်ပြရန် မဖြစ်နိုင်ပါ ။

ထေရ် - သို့ဆိုလျှင် လေမရှိသလော ၊ လေသည် မရှိတရားလော။
မင်း - လေသည် ရှိပါ၏ ။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည် ။ နှာသီးဝ၌ တိုးနေပါသည် ။ထိုတိုးသော လက္ခဏာ အားဖြင့် လည်း သိပါသည်။

ထေရ် - မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၄င်း ၊ ပုံသဏ္ဍာန် အားဖြင့် ၄င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ် ရှိပါသလော။

ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။
မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား ၊ နိဗ္ဗာန် သည် မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။

ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။ ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ၀ါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။ ထို့အပြင် စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဘုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော် သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန် ၏။
ထိုသည်ကို လေ့လာကြည့်ပါက နိဗ္ဗာန်သည် အရှိတရားဖြစ်သည်။ သို့သော် ဘုံ၊ ဗိမ္မာန် ဖြင့် တည်ရှိနေသောအရာမဟုတ်ပါ။ နိဗ္ဗာန်ကို ဥာဏ်ဖြင့်သာ မြင်နိုင် မျက်မှောက်ပြုနိုင်စွမ်း ရှိသော အရာဖြစ်ပါသည်။

အမှန်မြင်၍ အမြင်မှန်နိုင်ကြပါစေ။

မင်း - လက်ခံပါပြီ ဘုရား ။ ။


နိဗ္ဗာန်

နိဗ္ဗာန်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။

နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥပခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖတ်ဖြစ်သည်။

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ

1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
18. ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
21. သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။


နိဗ္ဗာန်အကြောင်း
July 28, 2010
By admin

“ … နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။

ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။

ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် … ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ မရဘူး။

ကိလေသာချုပ်ငြိမ်းခြင်းသဘောကို ဘယ်နေရာမှာ ရှိတယ်လို့ ပြောလို့ မရဘူး။ ညွှန်ကြားလို့ မရဘူး။ ဒါကြောင့်မို့ တည်ရာအရပ်ရယ်လို့ မရှိဘူး။

ဒါကြောင့်မို့ နိဗ္ဗာန်လို့ ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုး မမြင်မိစေနဲ့။ ရောက်စရာဌာနတစ်ခုအနေနဲ့ မမြင်မိစေနဲ့။ အဲဒါ အရေးကြီးတယ်။ နိဗ္ဗာန်ဟာ သဘောတရားတစ်ခုပဲ။”

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်သင်တန်း၊ အပတ်စဉ် (၄၂) နိဗ္ဗာန်အကြောင်းပို့ချချက်ကို နာယူ သင်ယူကြရ၏။

သင်တန်းတွင် လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိနေသော ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က နိဗ္ဗာန်အကြောင်း နာရီဝက်ခန့် ဟောကြား ပို့ချပေး၏။


ဒေးဒရဲကျောင်းဆရာတော်ကြီး၏ ပေါင်းမြက်များ ရှင်းလင်းပြီး၍ ပေါ်လာသော မြေကွက်ဥပမာ၊ ဝါးချက်မင်းကျောင်းဆရာတော်ကြီး၏ ကိုယ်တိုင် ကျင့်ကြံ အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးမှ နှစ်ဦး ပြန်ဆုံ၍ ရှင်းရမည့်တရား ဥပမာများဖြင့် ကိလေသာရှင်းမှ ပေါ်လာသော တရား၊ ရှင်းနိုင်သူ၏ သန္တာန်တွင် ပေါ်သည့် လွတ်မြောက်မှု သဘော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ – သစ္စာလေးပါး သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သည်ဟူသော တရားတော်မြတ်၏ ဂုဏ်တော်မြတ်နှင့်အညီ သိနိုင်သည့် သဘောဖြစ်ကြောင်း ရှင်းပြ ဟောပြောသွား၏။

+++++

နိဗ္ဗာန်

နိဗ္ဗာန = နိ + ဝါန

နိ = ထွက်မြောက်

ဝါန = တဏှာ

ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်။

ထွက်မြောက်ဟူသည် အာရုံပြု မခံရခြင်းကို ဆိုလိုသည်။

နိဗ္ဗာန်သည် မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရားဖြစ်သည်။

မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်။

နိဗ္ဗာန်ကို အမျိုးမျိုးဟောကြားထားချက်များမှ ထင်ရှား အတွေ့ရများသည့် အချက်များမှာ -

နိဗ္ဗာန်ဟူသည်

(၁) တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှာယ အသေသ ဝိရာဂနိရောဓ) ဖြစ်၏။

မဟာစည်ဆရာတော်ဘုရားကြီးက တဏှာ၏ အကြွင်းမဲ့ ကုန်ခြင်း ချုပ်ခြင်းဆိုသည်ကို ပိုပြီး နှစ်သက်၏။

ဓမ္မစကြာတွင် … ယေ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ

အနာလယော … ဆိုပြီး အထပ်ထပ် ဟော၏။

‘အနာလယော’၊ ‘စာဂေါ’၊ ‘ပဋိနိဿဂ္ဂေါ’ စသည့်ပုဒ်များ၏ အနက်အဓိပ္ပာယ်မှာ တစ်ခုနှင့်တစ်ခု

သိပ်မကွာလှပေ။

(၂) တဏှာကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှက္ခယ) ဖြစ်၏။

တဏှက္ခယဟု ပါဠိပုဒ်ဖြင့် ဟောခြင်းလည်း ရှိ၏။ အဓိပ္ပာယ်အတူတူပင် ဖြစ်၏။

(၃) ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယ) ဖြစ်၏။

ကိလေသာတို့ ကုန်ရာကုန်ကြောင်းကို ဆို၏။ ပါဠိတော်တို့တွင် ရာဂက္ခယသည် နိဗ္ဗာန်၊

ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်ဟု ဟောထားချက်များ ရှိ၏။

(၄) ဘဝချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဘဝနိရောဓ) ဖြစ်၏။

ဘဝမရှိတော့ခြင်း၊ နောက်ထပ်မဖြစ်တော့ခြင်း ချုပ်ခြင်းကိုလည်း နိဗ္ဗာန်ဟု ခေါ်၏။

(၅) ဆင်းရဲချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဒုက္ခနိရောဓ) ဖြစ်၏။

အမှန် ၄-ပါးတွင် တတိယသစ္စာကို ဒုက္ခနိရောဓဟု ခေါ်၏။

ဒုက္ခကုန်ရာ နေရာတစ်မျိုးသဘော … စသည် ဥပမာအမျိုးမျိုး တင်စား ပြောနေခြင်းသာ ဖြစ်ပြီး

နိဗ္ဗာန်သည် နေရာ ဘုံ ဌာနတစ်ခု မဟုတ်ပေ။

ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာတို့ ကုန်ငြိမ်းသည့် သဘောသာ ဖြစ်၏။

(၆) မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သော တရား (အသင်္ခတ) ဖြစ်၏။

ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရား ၄-ပါးက ရုပ်ကို ပြုပြင်သကဲ့သို့ နိဗ္ဗာန်မှာ

ပြုလုပ်အပ်သော အကြောင်းတရား မရှိ။

နိဗ္ဗာန်သည် တရားအားထုတ်ခြင်း၏ အကျိုး မဟုတ်။ မဂ်ဉာဏ်၏ အကျိုး မဟုတ်။

အာရုံကို အကြောင်းဆိုသော အနေဖြင့် (ပါဠိလို ပစ္စယသဒ္ဒါအနေဖြင့် သုံး၏။) ပြောလျှင်မူ နိဗ္ဗာန်သည်

အကြောင်းထဲ ပါနိုင်၏။

အထူးသဖြင့် နိဗ္ဗာန်သည် အကျိုး မဟုတ်။

သူ့အလိုလို သူ့ဟာသူ ထင်ရှားရှိနေသော တရားသာ ဖြစ်သည်။

(၇) ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း/လွတ်မြောက်ခြင်း (မုတ္တိ၊ ဝိမုတ္တိ) ဖြစ်၏။

ကိလေသာမှ လွတ်ခြင်း၊ ကိလေသာအာရုံနယ်ပယ် အပြင်ဘက်ရောက်ခြင်း ဖြစ်၏။

မုတ္တိဟုလည်း သုံး၏။ ဝိမုတ္တိဟုလည်း သုံး၏။

(၈) ကျွန်းသဖွယ်ဖြစ်သော တရား (ဒီပ) ဖြစ်၏။

သမုဒ္ဒရာ ပင်လယ်ထဲ မျောနေ ဒုက္ခရောက်နေသူအတွက် ကျွန်းကို မှီခိုပြီး အသက်ရှင်ရသကဲ့သို့

သံသရာထဲ မျောနေသူတို့အတွက် နိဗ္ဗာန်ကို ကျွန်းသဖွယ် တင်စားခြင်း ဖြစ်၏။

(၉) လဲလျောင်းရာဖြစ်သော တရား (တာဏ) ဖြစ်၏။

အားကိုးရာအဖြစ်ကို ဆိုလို၏။

(၁၀) ပုန်းအောင်းရာဖြစ်သော တရား (လေဏ) ဖြစ်၏။

နိဗ္ဗာန်ဟူသော ပုန်းအောင်းရာကို ရလျှင် သံသရာဘေးဒုက္ခမှ လွတ်ခြင်းကို ဆို၏။

(၁၁) မှီခိုရာဖြစ်သော တရား (ပရာယဏ) ဖြစ်၏။

နိဗ္ဗာန်ကို တကယ်တွေ့မှ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်များ မိမိသန္တာန်မှာ ဖြစ်မှ အပါယ်ဘေး

သံသရာဘေးဒုက္ခတို့မှ လွတ်မြောက်သော အားထားမှီခိုရာအစစ် ဖြစ်ကြောင်းကို ဆို၏။

(၁၂) အမှန်တရား (သစ္စ) ဖြစ်၏။

နိဗ္ဗာန်ကို သစ္စာတရားဟုလည်း ခေါ်၏။

အမှန်တရား ၄-မျိုးဖြစ်သော ဆင်းရဲအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲချုပ်ရာ

နိဗ္ဗာန်အမှန်တရား၊ ဆင်းရဲချုပ်ရာရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရားမှ အမှန်တရား တစ်ခု

ဖြစ်၏။

(၁၃) ချမ်းသာခြင်းတရား (သုခ) ဖြစ်၏။

နိဗ္ဗာနံ ပရမံ သုခံ – နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဟု ဓမ္မပဒတွင် ဟောထား၏။

(၁၄) ငြိမ်းချမ်းခြင်းတရား (သန္တိ) ဖြစ်၏။

ခံစားမှုမပါသော ငြိမ်းအေးခြင်း ဖြစ်၏။

(၁၅) မွန်မြတ်သောတရား (ပဏီတ) ဖြစ်၏။

(၁၆) မြဲသောတရား (ဓုဝ) ဖြစ်၏။

တရားတွေထဲမှာ မြဲသည်ဟူ၍ နိဗ္ဗာန်သာ ရှိ၏။

(၁၇) မသေရာတရား (အမတ) ဖြစ်၏။

ဥပါဒ်-အဖြစ်မရှိ၍ ဘင်မရှိ။ သေခြင်းကင်းသော တရား ဖြစ်၏။

(၁၈) မိမိထက်သာသောတရား မရှိသော တရား (အနုတ္တရ) ဖြစ်၏။

အမြတ်ဆုံးတရားဟု ဆို၏။

(၁၉) နက်နဲသော တရား (ဂမ္ဘီရ) ဖြစ်၏။

နိဗ္ဗာန်ကို အမှန်းအဆဖြင့် မမြင်နိုင်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် တကယ်ရမှ မြင်နိုင်သဖြင့် နက်နဲသော

တရားဟု ဆို၏။

Sunday, 3 April 2011

အမေးအဖြေ (၅)

Hits Filter     Display # 
401 ရန်သူမျိုး ငါးပါး ကျမ်းစကား 72
402 သင်္ကာ-မသင်္ကာ 88
403 သက္ကရာဇ် 67
404 ပုဏ္ဏက နတ်ဘီလူး 115
405 အကုသိုလ်ကံများ အကျိုးမပေးအောင် 187
406 အပါယ်မကြောက် ၇-ယောက် 148
407 သုဘဒ္ဒပရိဗိုလ် 62
408 မိုးကြီး ၉-မျိုး 99
409 ရန်သူမျိုး ငါးပါး 73
410 ဥပုသ်နှင့် မြက်နုတ်ခြင်း 91
411 ဗုဒ္ဓပုံတော် ကိုးကွယ်ခြင်းနှင့် မွန်းတည့်ချိန် 168
412 မသာတခေါက်ကျောင်းဆယ်ခေါက် 118
413 ဒေ၀ဒတ်နိုင် ဇာတ်ငါးဇာတ် 107
414 မရွတ်ဆိုဘဲ ကပ်လှူခြင်း 189
415 ပရိတ်တော်များ ဂုဏ်ကျေးဇူး 151
416 မိရိုးဖလာ ဗုဒ္ဓဘာသာ 115
417 သိကြားမင်းနှစ်ဦး 138
418 လှူဒါန်းပြီးမှ စားသောက်သုံးဆောင်ခြင်း 139
419 ကောသလမင်းကြီးအကြောင်း 134
420 ပိလိန္ဒ၀စ္ဆဂါထာ 70
421 ပိဋကတ်သုံးပုံ 90
422 ကွန့်-ဆွံ့-တွန့်-ပြန့် 58
423 စတီးသပိတ် 113
424 ဇီိဝိတဒါနကုသိုလ် 86
425 မာတုဂါမ 121
426 သံဃဒိသေသ် အာပတ် 59
427 စိတ်ရိုင်းကို ယဉ်ကျေးစေရန် 155
428 ငါးပါးသီလ တနေ့တာကိစ္စ 157
429 ပဟေဠိကဗျာ 75
430 ဘုန်းကြီးနှင့် အလုပ်အကိုင် 119
431 ကမ္မ၀ါစာကို ကြည့်၍ဖတ်ခြင်း 85
432 မုက္ခပါဌ်-နှုက္ခပါဌ် 59
433 ဇိနိ နှင့် အဇိနိ 59
434 ဒေါင်းမြီး ဘုရားလှူ 93
435 အောင်ဂါထာ 127
436 အကျင့် နှင့် ပါရမီ 112
437 ကောလာဟလ 106
438 မဏိမေခလာ နတ်သမီး 125
439 ဒက္ခိဏသာခါ ဘုရား 115
440 မဟာစေတီနှင့် ကောင်းမှုတော် 92
441 အလှူခံ ယူခြင်း 76
442 ကာရက သံဃာနှင့် ထဘီ နေကထိုင် 97
443 စကျင်ကျောက်ဆင်းတု 100
444 န၀မခေတ် န၀င်းကျေ 86
445 အဘိုး၊ အဘ၊ အဖေကြီးနှင့် လက်ခြောက်ချောင်း 114
446 ရဟန္တာများနှင့် ဘီစီအေဒီ 143
447 ဆံပင် ဘုရားလှူ 129
448 အဇိတ ရဟန်း 74
449 နတ်ဗြဟ္မာနှင့် ရဟန္တာ 139
450 ခေတ်သုံးပါးနှင့် လောကဓာတ် 88
451 နတ်ဗိမာန်များ 142
452 ခန္တီ-သည်းခံခြင်း 153
453 ရေစက်ချ အမျှဝေ 112
454 ရဟန်းခံနှင့် သိက္ခာချ 118
455 သွေးလှူဒါန်းခြင်း               @ဓမ္မရံသီစာမျက်နှာ 235

အမေးအဖြေ (၄)

Hits Filter     Display # 
301 ရှင်စူဠပန် ဉာဏ်ကောင်းဂါထာ 105
302 သိမ်နှင့်ဓာတ်ကြိုး 100
303 သာသနာတော်၏ အံ့ဖွယ်များ 162
304 ဗေဒင်ကိစ္စ 226
305 ကံ 132
306 ငရဲ အသညသတ်နှင့် အရူပဘုံ 101
307 ရဟန်းဖြစ်လိုပါသောကြောင့် 95
308 တရားမဟောရန် စိတ်အကြံ 108
309 ကန်တော့ခြင်း နှင့် အခြင်းအရာ 103
310 သာသနာတော်စောင့်နတ်နှင့် ပဋ္ဌာန်းကျမ်း 123
311 ယောင်ယမ်းရွတ်ဆိုခြင်း 85
312 ဘာလီဖျော်ရည် 68
313 ဥပုသ်နှင့် ဒေါသ 65
314 ဖုတ် တစ္ဆေ ဘယ်ဘုံသားလဲ 104
315 ဆေးအရက် 75
316 အရှင်ဗာကုလ ဂါထာ 57
317 ရဟန်းခံကိစ္စ 54
318 အသုဘအိမ်နှင့် တရားတော်များ 91
319 ပါရာဇိက ရဟန်းနှင့် ဥပသမ္ပဒကံ 47
320 နိဗ္ဗာန်ရောက်မည့် အချိန်ကာလ 75
321 မြန်မာလူမျိုးနှင့် ဘုရားဆုပန် 89
322 ပဋ္ဌာန်းဒေသနာတော် 116
323 ဓာတ်တော်မွေတော် 62
324 တော်လည်းခြင်း ဟူသည် 59
325 ၀ိကာလဘောဇန စသည် ပျက်လျှင် 62
326 ၀ိဇ္ဇာဓိုရ် 93
327 နတ်များ စာရင်းယူခြင်း 98
328 ပဏ္ဍုကမ္ဗလာ-မြကျောက်ဖျာ 75
329 သတ္တ၀ါနှင့် ဝေနေယျ 54
330 ရှင်ပြုရဟန်းခံကိစ္စ 41
331 အရူပဘုံနှင့် ရပ်ပြစ်ရှစ်ပါး 59
332 သာသနာသုံးရပ် 61
333 ဘုရားပုံတော်များ လမ်းဘေးတွင်ချ၍ ရောင်းချခြင်း 84
334 ဗုဒ္ဓကောလာဟလ 80
335 ရှိခိုးလက်အုပ်ချီခြင်းနှင့် တရာစခန်းသို့ခေါ်ခြင်း 73
336 အလှူခံ တကျိပ်လေး 41
337 သုံးဆယ့်တဘုံနှင့် ဝေနေယျသတ္တ၀ါ 46
338 ကထိန်နုတ်ခြင်း 48
339 ဘယ-လာဘ-ကုလာစာရ 51
340 သေရွာပြန် 98
341 လူပုဂ္ဂိုလ်နှင့် ဥဒ္ဒိဿမံသ 40
342 တဏှင်္ကရာဘုရား၏ မိဖုရားအမည် 49
343 ၀ါသ်ဆောက်တည်မှု 44
344 ပါရာဇိကကျလျှင် 44
345 သောတာပန်ပုဂ္ဂိုလ်နှင့် အရက် 76
346 ထွက်သက် ၀င်သက် ရှိ - မဲ့ သတ္တ၀ါ 320
347 မြတ်စွာဘုရား သီတင်းသုံးခဲ့ရာ မြို့ရွာဒေသများ 228
348 မြင်းခေါင်းဖမျက် 158
349 ဒုလ္လဘရဟန်းပြုရာတွင် 160
350 အလှူ ရေစက်ချခြင်း 154
351 ကာမေသုမိစ္ဆာစာရ နှင့် အမျိုးသမီး 434
352 ဂတိငါးပါးနှင့် အမျှဝေမှု 111
353 ယောက်ျားဘ၀နှင့် အဂ္ဂသာဝက 157
354 သစ်သီးများကို ဘုရားစင်၌ ရက်ရှည်ထားခြင်း 340
355 ဧတဒဂ် 111
356 သန္တောသ ၁၂-ပါး 85
357 ပါရာဇိကရဟန်း ပေးလှူဒါန်း 105
358 နတ်ပြည် နှင့် နိဗ္ဗာန် 163
359 ဘုရားလက်ထက် အက္ခရာစာပေ 129
360 ဘုရား ရဟန္တာ 134
361 သာသနာ နှစ်ငါးရာ စကား 129
362 ပဋ္ဌာန်း ပစ္စယုဒ္ဒေသ နှင့် နိဒ္ဒေသ 157
363 အခြေအနေ ပေးသလို 108
364 အံသကိုက် 83
365 မောက္ကလူ ပါလည်းကွေး-ရှေးစာအရေး 71
366 နတ်ကတော် 179
367 သီလခံယူရာဝယ် 125
368 ရုပ်ရှင်တော် 108
369 စွယ်တော်လေးဆူ 98
370 မေတ္တာပို့ 144
371 သီလရှင်အား ရှိခိုးငြားက 167
372 သွားရောဂါရှင်တို့အတွက် 164
373 သီလတပါးပါး ပျက်ခဲ့သော် 144
374 သံတွဲနှင့် စက်တော်ရာ 86
375 အခြားစကြာဝဠာနှင့် မြတ်စွာဘုရား 140
376 ကိုးပါးသီလ ၀ိဝါဒ 82
377 ကျိုး, ပေါက်, ပြောက်, ကျား 81
378 သီလရှင် သီလပေး 94
379 လိပ်ပြာကောင်လား ၀ိညာဉ်လား 121
380 တရားဟောပလ္လင်ကိစ္စ 89
381 အဖျော်ရည် 86
382 ငါးပါးသီလ ခံယူပုံ 87
383 သောတာပန်နှင့် လူ့ဘ၀ 150
384 ရဟန်းခံနှင့် ပရိက္ခရာ ၈-ပါး 79
385 ၀ိပဿနာ၊ ပုတီးနှင့် ၀ဋ္ဋသုတ်ပါဠိ 103
386 သင်္ကန်း စီစဉ်ခြင်း 56
387 ဂင်္ဂါဝါဠု သဲစုမက 86
388 ထေရဿင်္ဂုလိမာလဿ 56
389 ပါရာဇိက ကျခဲ့သူ 84
390 အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ရန် 191
391 သိရီ-သီရိ 65
392 ဆုတောင်းခြင်း 107
393 တိရစ္ဆာန် နှင့် နတ် 113
394 ဣနြေ္ဒခြောက်ပါး မာရ်နတ်သား 86
395 ထန်းရည်နယ် ဟင်း 109
396 ကာမေသုမိစ္ဆာစာရ 207
397 ပြက္ခဒိန်လှလှ လှူဒါန 90
398 စကားမပြောသောအကျင့် 177
399 ဖဲကစားခြင်း 184
400 အဘိဓမ္မာပိဋကတ် 77

အမေးအဖြေ (၃)

Hits Filter     Display # 
201 ဥစ္စာစောင့် 40
202 ဆွမ်းသွတ်ခြင်း 22
203 ချမ်းသာ ခုနစ်ဝ 22
204 အမေကို လုပ်ကျွေး၊ ဘုရားကိုလှူ 33
205 ဗောဓိပင်ကို ထီးတင်ခြင်း 11
206 ဘုရားဘွဲ့မည်တော် 15
207 မယ်တော်မာယာ အသက် 27
208 အသုရကာယ် 25
209 ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်လျှင် 34
210 ဓာတုပရိနိဗ္ဗာန် ရောင်တော်ပြန် 242
211 ဘုရားကိုးဆူ 196
212 သောတာပန်နှင့် နောက်ဘုရား 256
213 စေတီလေးမျိုး 112
214 ကွမ်းတောင် ပန်းတောင် 122
215 အရိယာပုဂ္ဂိုလ်များ-ဟု သိနိုင်-မသိနိုင် 284
216 ၀ဋ်ကြွေးကျေအောင် 258
217 တိဟိတ်ပုဂ္ဂိုလ်-ဒွိဟိတ်ပုဂ္ဂိုလ် 150
218 ရဟန်းသံဃာထံမှ ခံယူခြင်းနှင့် ရပ်ပြစ်လွတ်ရေး 118
219 ဆွမ်းတော်မတင်မီ စားခြင်း 231
220 မြေနုတ်ခြင်း 127
221 ဘုရားလှူစရာ ပန်းမာလာ 172
222 မိန်းမဘ၀ဖြင့် နိဗ္ဗာန်၇-မရ 170
223 ဘုရားရှိခိုးနှင့် အိမ်စောင့်နတ် 232
224 မာရ်နတ် 164
225 အကုသိုလ်ပြု၍ လှူဒါန်းခြင်း 147
226 တထောင့်ငါးရာ ကိလေသာ 153
227 ဒေ၀ဒတ်နှင့် ဣဒ္ဓိပါဒ် တန်ခိုး 134
228 ရှစ်ပါးသီလနှင့် တီဗွီ ဗွီဒီယို 174
229 စကြစေတီနှင့် ကုသိုလ် အကုသိုလ် 107
230 ပုတီးစိပ်ခြင်းနှင့် တရားထိုင်ခြင်း 220
231 အာဝေဏိကဂုဏ်တော် 103
232 ကွယ်လွန်သူများကို ကန်တော့ခြင်းနှင့် သီလ 177
233 ကျွတ်လွတ်ခြင်း 106
234 ၀ဋ်နှင့် ငရဲ 122
235 ဒိဗ္ဗသာတ ဘုရားရှိခိုး ဂါထာ 109
236 ခန္ဓာ နှင့် ဥပါဒါနက္ခန္ဓာ 95
237 ငရဲပြည်နှင့် ငရဲထိန်း 143
238 ဥပ နှင့် ပရမတ္ထ ပါရမီ 81
239 ဘုန်းကံ 136
240 ဂုဏ်တော်စသည် ရွတ်ဆိုခြင်း 159
241 သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး 75
242 အမွေးအရေအတွက် လည်လှီးခံရချက် 88
243 စရိုက်ခြောက်ပါးနှင့် ကမ္မဋ္ဌာန်း 89
244 တဆယ့်လေးချက် ဓမ္မစက် 107
245 အရိမေတ္တေယျ မြတ်စွာဘုရား 139
246 ရဟန်းခံကြရာတွင် 100
247 သိကြားသာသနာ 116
248 ရဟန္တာနှင့် ကာလနဂါး 137
249 ရေစက်ချရန် လို-မလို 127
250 ကေစိဝါဒ 73
251 အနန္တောအနန္တ ငါးပါး 91
252 ဘုရားနှင့် ခြင်္သေ့ 105
253 သေခါနီး၌ နတ်ရထားဆိုက်ခြင်း 132
254 ဒါနပြုရာဝယ် 108
255 ဆွံ့အ နားမကြားနှင့် ဘုရားစာ 95
256 နတ်နှင့် ပါဠိ 132
257 သာသနာသက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် 96
258 လူနှင့်ရဟန်း ကုသိုလ် အကုသိုလ် 95
259 အကျွတ်တရားနှင့် အရိမေတ္တေယျ ဘုရား 120
260 ရေကုသိုလ်ကို လှူခြင်း 116
261 ဥပုသ်သည် စစ်စစ် ဖြစ်ရေး 122
262 သတ္တ၀ါအနန္တ 93
263 အရှင်ရာဟုလာ အကြောင်း 108
264 အန္တရာယ်ကင်းဂါထာနှင့် ထေရ၀ါဒ 140
265 မိဘပြစ်မှား အပြစ်များ 137
266 ဥပုသ်သည်နှင့် ဓမ္မဂီတ 88
267 ကျောင်းတိုက်ပြင်ပ ကထိန်အလှူ 78
268 ပါဠိဘာသာ စကား 136
269 ကန်တော့ခန်း-ဆုတောင်း 70
270 ဥရုဝေလကဿပ ရသေ့ညီနောင်နှင့် တန်ခိုးတော်များ 79
271 သဒ္ဓါသီလ တူမျှပါစေ 82
272 မြေအောက်၌ ဓာတ်တော်ဌာပနာခြင်း 94
273 အာဇီဝဋ္ဌမက သီလ 85
274 အရှင်လတ်လတ် မြေမျိုခံရသူများနှင့် နတ်ပြည်ရောက်သူများ 154
275 ခေါင်းလောင်း 86
276 ပရိတ်တော်နှင့် အမနုဿများ 99
277 ၀ိဇ္ဇာစရဏသမ္ပန္န 92
278 ဆံပင်ကို လှူခြင်း 106
279 အစောင့်အရှောက် အကူအညီ 105
280 တထောင့်ငါးရာ ကိလေသာ နှင့် ၀ိပဿနာတရား 97
281 နိဗ္ဗာန် နှင့် ပရိနိဗ္ဗာန် 99
282 သောတာပန်ဖြစ်ရန် 167
283 သဘင်သည်နှင့် ဈေးသည် 86
284 ကြေးစည်နှင့် အသုဘ 119
285 ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ 96
286 ကမ္ဘာပျက်ခြင်း 158
287 အသုဘ ရှုခြင်း 85
288 နိဗဒ္ဓကုသိုလ်ရှင် 72
289 ဂါထာပရိတ်ရွတ်ခြင်း 116
290 ရောင်တော်ပျံဘုရား 104
291 အကုသိုလ်နှင့် သေခါနီး 125
292 သံဃာတော်နှင့် ဇွန်းခက်ရင်း 122
293 သံဃာဂိုဏ်းကွဲခြင်း 76
294 ပဋိသမ္ဘိဒါခေတ်အကြောင်း 87
295 အမျှဝေတိုင်း ရ-မရ 97
296 အသုဘပို့ 92
297 ဘုရားလောင်းကွဲပြားပုံ စသည် 91
298 စေတီပုထိုး တည်ခြင်း 69
299 အရပ်မျက်နှာ ဘုရားစင်ထားစရာ 137
300 ဘုရားပန်းများကို ပြုပြင်ပူဇော်ခြင်း    @ဓမ္မရံသီစာမျက်နှာ 120