Thursday 23 June 2011

အောင်မြင်ကြောင်း တရား




  • မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်
    ဖြူအောင် စိတ်ကို ထား။

    ပြော ပြု တွေးလျှင်၊ သတိ ယှဉ်
    ဆင်ခြင် ဥာဏ် ရှေ့ သွား။

    စိတ်ထား ဖြောင့် မှန်၊ ခွင့်လွှတ်ရန်
    သည်းခံ မေတ္တာ ထား။

    လုံ့လနှင့် ဇွဲ၊ မလျှော့ဘဲ
    အမြဲ တင်းတင်း ထား။

    အရာရာတွင်၊ အသုံးဝင်
    အောင်မြင် အကြောင်းတရား။

    + ချမ်းမြေ့ရိပ်သာ ဆရာတော် +

No comments:

Post a Comment