ဒုက္ခနည်းအောင်နေနည်း
ကိုယ့်ရဲ့လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်လေ
ပြဿနာနည်းလေ၊ ဒုက္ခနည်းလေ၊ လူသတ်သာလေးပဲ၊
လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကတော့
စိတ်ကိုတည်ငြိမ်အောင်ထားပြီး တွေ့ကြုံလာသမျှကို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပဲလို့ မကြာမကြာ
ရှုမြင်၊ ဆင်ခြင်၊ နှလုံးသွင်းခြင်းပါပဲ။

မိဘစိတ်ဝမ်း၊ ငြိမ်းချမ်းစေရာ၊ ၀တ်များစွာဖြင့်၊ ကြည်သာနေ့ည၊ ပြုစုာကမူ....
လောကတွင်လည်း၊ ပညာရှင်များ၊ ချီးမွမ်းငြားရှင့်၊
တစ်ပါးဘ၀၊ ပြောင်းကြပြန်ပါ၊ နောင်အခါလည်း၊ နတ်ရွာဘ၀၊
ရောက်လေရသည်၊ မိဘလုပ်ကျွေးရကျိုးတည်း...........။

ဝဋ်လည်မယ် သတိထား
ဆရာသမားကို ဒုက္ခပေးသော တပည့်၊
မိဘကို ဒုက္ခပေးသော သားသမီး၊
ကျေးဇူးရှင်ကို ကျေးဇူးကန်းသော သူတို့သည်
မည်သည့်အခါမှ မကြီးပွား၊
ကြီးပွားသော်လည်း တာရှည်မခံ၊
ထိုသူတို့သည်
မကြာမီ ၀ဋ်ပြန်လည်လိမ့်မည်။

ဘာထူးမှာလဲ
လူတိုင်းမှာ၊ လောဘ၊ ဒေါသ၊ မောဟတွေ
အနည်းနဲ့အများ ရှိကြတာပဲ။
ဘုရားပွင့်လာတာဟာ
လောဘ၊ ဒေါသ၊ မောဟတွေ နည်းအောင် ကင်းအောင်လို့ပါ။
ကိုယ့်မှာ လောဘ၊ ဒေါသ၊ မောဟဖြစ်လာတဲ့အခါ
ဘုရားပေးတဲ့နည်းအတိုင်း မထိန်းချုပ်နိုင်ကြဘူးဆိုရင်
လူ့ဘ၀ရလာတာဟာ
တခြားဘ၀တွေနဲ့ ဘာထူးမှာလဲ။